About Us


YTV သည် DVB –T2 စနစ်ဖြင့် လေလှိုင်းတွင် အခမဲ့ ထုတ်လွှင့်မည့် တီဗီရုပ်သံလိုင်းများထဲမှ တစ်ခုဖြစ်ပါသည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ပူးပေါင်းသဘောတူညီမှုကိုလည်း ၂၀၁၈ခုနှစ်ဖေဖော်ဝါရီလ ၁၇ရက်နေ့ကရရှိပြီးဖြစ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ရေဒီယိုနှင့် ရုပ်မြင်သံကြားဌာနမှ ၂၀၁၆ခုနှစ် စက်တင်ဘာလ၂၂ရက်တွင် တရားဝင်ကြေငြာခဲ့သော တင်ဒါမှတစ်ဆင့် E01 ဖြင့်လျှောက်ထားခဲ့ခြင်းဖြစ်ပါသည်။E01 ဖြင့်လျှောက်ထားခဲ့သော အဖွဲ့အစည်းပေါင်း ၄၄ခုရှိခဲ့ပြီး ပထမခြေလှမ်းအနေဖြင့် အောင်မြင်ခဲ့သောစာရင်းအရ အဖွဲ့အစည်း၄၂ခုရှိပါသည်။နောက်တစ်ဆင့်အနေဖြင့် RFP လျှောက်ထားခဲ့သော အဖွဲ့အစည်း၂၉ခုရှိခဲ့ပြီး ၂၀၁၇ခုနှစ်ဧပြီလ၁၁ရက်နေ့တွင် နောက်ဆုံးအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သည့် အဖွဲ့အစည်းပေါင်း ၁၀ခုအနက် Young Investment Group Co.,ltd ၏ အစိတ်အပိုင်းဖြစ်သော MY MULTIMEDIA Co.,ltd ပါဝင်ကြောင်းကြေငြာသွားခဲ့ပါသည်။

YTV Channel ၏ ရည်ရွယ်ချက်မှာ

မီဒီယာရုပ်သံလွှင့်ခြင်းကို တိုးတက်လာစေရန်

အများပြည်သူအတွက် ဝန်ဆောင်မှုဆိုင်ရာ သတင်းအချက်အလက်များပေးရန်နှင့် ပညာပေးရန်

ဖျော်ဖြေမှုအတွက်သာမကပဲ ရုပ်သံတီဗီလိုင်းများမှတစ်ဆင့် နိုင်ငံအတွက် အထောက်အကူရရှိစေနိုင်သည့် အခွင့်အလမ်းများ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေနိုင်ရန်အတွက် လူမှုအသိုင်းအဝိုင်းကို ပူး ပေါင်းဖန်တီးထိန်းသိမ်းပေးရန်

နိုင်ငံနှင့်လူမှုအသိုင်းအဝိုင်းတိုးတက်စေရန် ဦးစားပေးသည့် သက်ဆိုင်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းနိုင်ရန်ရည်ရွယ်သည့် အခမဲ့တီဗီရုပ်သံလိုင်းတစ်ခုအနေဖြင့် အလေးပေးလုပ်ဆောင်သွားမည်ဖြစ်ပါသည်။

၂၀၁၉ခုနှစ် ဇန်နဝါရီလ ၁၄ရက်နေ့မှ စတင်ပြီး YTV ရုပ်သံလိုင်းတွင် စမ်းသပ်ထုတ်လွှင့်နေခဲ့ပြီဖြစ်ပါသည်။၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် YTV ရုပ်သံလိုင်းကို တရားဝင်ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။အဓိကအနေဖြင့် ဖျော်ဖြေရေး၊စီးပွားရေး၊သတင်းအချက်အလက်ဆိုင်ရာဖျော်ဖြေရေးနှင့် ပညာပေးဆိုင်ရာ ဖျော်ဖြေရေး အစီအစဉ်များကို ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။

Facebook, Youtube စသော အွန်လိုင်းမီဒီယာများမှတစ်ဆင့် ထုတ်လွှင့်သော ရုပ်သံလိုင်းများ၏ ကြည့်ရှုသူပရိတ်သတ်များမှနေ၍ MRTV ရုပ်သံလိုင်းရောက်ရှိနိုင်သောနေရာများသို့မြန်မာ့ရုပ်သံ ကွန်ရက်ကို ဖြန့်ကျက်ပြီး ထုတ်လွှင့်မည်ဖြစ်ပါသည်။မိုဘိုင်းကိုအခြေခံသည့် ဒီဂျစ်တယ်စနစ်ကိုအသုံးပြုနိုင်ဖို့ကိုလည်းရည်ရွယ်ထားသည်။