လီဗာပူးလ်အသင်းအနေနဲ့ ဆာလက်စ်တို့ မာနေး နှင့် ဖာမီနိုတို့ ထွက်ခွာဖို့ သတင်းတွေထွက်လာပြီးနောက်ပိုင်းမှာ မာနေးတစ် ယောက်အနေနဲ့ ဘိုင်ယန်အသင်းကိုရောက်ရှိသွားပြီဖြစ်ပြီး ကျန်ကစားသမားနှစ်ဦိးကတော့ အပြောင်းအရွှေ့အတွက် စဉ်းစားနေဆဲပဲဖြစ်ပါတယ်…နည်းပြကြီးကလော့အနေနဲ့ကလည်း မာနေးနေရာမှာ ရူဘင်ဒိုင်းယက်ကို ထည့် သွင်းကစားရန် ဆုံးဖြတ်ထားပြီး ယခုအခါမှာတော့ ဂျပန်ကစားသမားလေး မီနာမီနိုကို မိုနာကိုအသင်းဆီ လက်လွှတ်လိုက်ရပြီပဲဖြစ်ပါတယ်…
မီနာမီနိုလေးဟာ ငယ်ရွယ်ပြီး တိုက်စစ်ကိုအကောင်းဆုံး လိုက်ပါပံပိုးပေးနိုင်တဲ့ ကစားသမားကောင်းလေးတစ်ဦးလည်းဖြစ်ပါတယ်.. ယမန်နှစ်က FA ဖလားပွဲစဉ်များနှင့် ချန်ပီယံလိဂ်ပွဲစဉ်အချို့ကိုသာကန်ခွင့်ရခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် ပွဲစဉ်များတွင် နောက်မှရောက်လာတဲ့ ရူဘင်ဒိုင်းယက်လောက် နေရာမရခဲ့ရတာပဲဖြစ်ပါတယ်…ယမန်နှစ်မှာ လီဗာပူးလ်အသင်းတွင် ၂၄ ပွဲကစားထားပြီး ၁၀ ဂိုးသွင်းယူပေးထားနိုင်ခဲ့တဲ့ ကစားသမားကောင်းလေးလည်းဖြစ်ပါတယ်…
မိုနာကိုအသင်းဆီကို ၁၄ သန်းနှင့်ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပြီး အသင်းနဲ့လည်း လေးနှစ်စာချုပ်ချုပ်ဆိုခဲ့တာပဲဖြစ်ပါတယ်….ပရီးမီးယားလိဂ်မှာ တောက်ပသွားခဲ့တဲကြယ်ပွင့်လေး ပြင်သစ်မြေမှာလည်းထပ်မံတောက်ပတဲ့ ခြေစွမ်းတွေပိုင်ဆိုင်သွားမလားဆိုတာကိုတော့ဆက်လက်စောင့်ကြည့် အားပေးလိုက်ကြရအောင်ဗျာ……