မြန်မာနိုင်ငံတွင် COVID-19ရောဂါကြောင့် သေဆုံးသူ (၃၉)ဦးနဲ့ပိုးကူးစက်ခံရသူ လူနာအသစ် (၈၈၈)ဦး ထပ်မံတွေ့ရှိ


Blogs, News October 16, 2020 3:07 am

မြန်မာနိုင်ငံမှာ Covid-19ရောဂါကြောင့် သေဆုံးသူ (၃၉)ဦးနဲ့ကူးစက်ခံရသူ ၈၈၈ ယောက် ထပ်တိုးတယ်လို့ ကျန်းမာရေနဲ့အားကစားဝန်ကြီးဌာန ကအောက်တိုဘာလ ၁၄ ရက်နေ့ည ၈နာရီက ထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်...


ယနေ့အချိန်ထိ သေဆုံးသူ (၇၃၂)ယောက်အထိရှိနေပြီးကိုဗစ်ပိုးကူးစက်ခံရသူလူနာ (၈၈၈)ထပ်တိုးတာကြောင့် စုစုပေါင်း ၃၁,၃၂၅ ယောက်အထိရှိနေပြီ ဖြစ်ပါတယ်...
ဓာတ်ခွဲနမူနာပေါင်း(၉,၆၅၆)ခုကို ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ ဆေးသုတေသန ဦးစီးမှာ ဌာန၊ မန္တလေး ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနဲ့ မော်လမြိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့အပါအဝင် ဓာတ်ခွဲမှုဆိုင်ရာဌာနပေါင်း ၁၀ ခုတို့မှာ စစ်ဆေးခဲ့ကြတာပါ...


လက်ရှိချိန်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်ဓါတ်ခွဲနမူနာပေါင်း ၄ သိန်း ၅သောင်းကျော်ကို စစ်ဆေးခဲ့ပြီးဖြစ်ကာ လက်ရှိချိန်မှာ ပိုးတွေ့ရသူပေါင်း ၃၁,၃၂၅ယောက်အထိ ရှိနေတာလည်း ဖြစ်ပါတယ်...
အောက်တိုဘာလ ၁၄ ရက်နေ့ညပိုင်းထုတ်ပြန်မှုအရ ကိုဗစ်ပိုးကူးစက်ခံရပြီး ထပ်တိုးသေဆုံးတဲ့ လူနာ ၃၉ ယောက်မှာ ၂၈ယောက်က အခြားရောဂါအခံရှိကြသူတွေဖြစ်ပါတယ်...


(၂)ကြိမ်ဆက် ပိုးမတွေ့ရသူကလည်း (၁၃,၈၆၆)ယောက် အထိရှိပါတယ်...
လက်ရှိမှာဆိုရင် ကိုဗစ် ဓာတ်ခွဲနမူနာတွေကို Test Kitတွေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဆေးရုံကြီးများနှင့် မြို့နယ်များမှာလည်း စစ်ဆေးနေတယ်လို့သိရပါတယ်...

Sourse / Photo ; MOHS