ယူနိုက်တက်အသင်းရဲ့ ဂိုးပြတ်နိုင်ပွဲဟာ မက်ဂွာယားကြောင့်လား? မာတာ၊ ဗာရန်း တို့ရဲ့ပါးနပ်မှုကြောင့်လား?

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနေ့နံနက်မှာတော့ အိုးလ်ထရပ်ဖို့ဒ်ကွင်းထဲမှာ ဘရန့်ဖို့ဒ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး မြင်ရခဲတဲ့ (3) ဂိုးပြတ်နိုင်ပွဲနဲ့အတူ Clean Sheet တွေကိုပါရယူသွားနိုင်ခဲ့ပါတယ်… ဒီပွဲမှာ ရရှိခဲ့တဲ့ဂိုးတွေကိုတော့ ဘရူနိုဖာနန်ဒက်စ်၊ ရော်နယ်ဒို နဲ့ ဗာရန်းတို့ကသွင်းယူပေးခဲ့ပြီး ဒီဂီယာ နဲ့ လင်ဒီလော့ဖ် တို့ Clean Sheet ရယူနိုင်ခဲ့ပါတယ်… ယူနိုက်တက်အသင်းအတွက်ဦးဆောင်ဂိုးကို အီလန်ဂါရဲ့ဖန်တီးပေးမှုကတဆင့် ဘရူနိုဖာနန်ဒက်စ်က ပိတ်သွင်းဂိုးယူနိုင်ခဲ့ပါတယ်… အဲ့ဒီနောက် ပထမပိုင်းပြီးခါနီးမှာ ရော်နယ်ဒိုဟာ ဂိုးသွင်းနိုင်ခဲ့ပြီး လူကျွံနေခဲ့တာကြောင့်တစ်ဂိုးနစ်နာခဲ့ရပေမယ့် ပွဲချိန် 61 မိနစ်မှာ ရော်နယ်ဒိုတစ်ယောက် လူချခံခဲ့ရပြီး ပင်နယ်တီရရှိခဲ့ရာ ဂိုးအဖြစ်ပြောင်းလဲပေးသွားနိုင်ခဲ့တာကြောင့် ဒုတိယဦးဆောင်ဂိုးကိုထပ်မံရရှိခဲ့ပါတယ်… ပွဲချိန် 72 မိနစ်မှာတော့ တဲလက်စ် တင်ပေးလိုက်တဲ့ဘောလုံးကို ဗာရန်းက အနိုင်သေချာစေတဲ့ဂိုးအဖြစ် သွင်းယူနိုင်ခဲ့ပြီး အခုလို (3) ဂိုးပြတ်နိုင်ပွဲရရှိစေခဲ့တာပဲဖြစ်ပါတယ်….. ဂိုးသမား ဒီဂီယာ က […]

အက်ဇ်ပီလီကွီတာရဲ့အမှားကြောင့် အဲဗာတန်ကို ၃ မှတ်အလှူပေးလိုက်ရတဲ့ ချဲလ်ဆီးအသင်း…..

ချဲလ်ဆီးအသင်းဟာ မနေ့က ဂွတ်ဒီဆင်ပါ့ခ်မှာကစားခဲ့တဲ့ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နောက်ခံလူအက်ဇ်ပီလီကွီတာရဲ့အမှားကတစ်ဆင့်ပေးခဲ့ရတဲ့ တစ်လုံးတည်းသောဂိုးနဲ့အတူ ရှုံးနိမ့်ခဲ့ရပါတယ်… ဒီရလာဒ်ဟာ ချဲလ်ဆီးအသင်းအတွက် အရှုံးအပြင် ပြိုင်ပွဲစုံအဝေးကွင်း ၁၄ ပွဲဆက် ရှုံးပွဲမရှိစံချိန်မှတ်တမ်းကောင်းကိုပါ ရပ်တန့်စေခဲ့ပါတယ်….. ဒီပွဲမှာချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ဟာ လူစုံနီးပါးပွဲထုတ်လာခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်မှု ပြတ်ပြတ်သားသားအသာစီးရခဲ့တာကလွဲရင် ဂိုးပေးခဲ့ရပြီးမှ အဲဗာတန်အသင်းကို ဖိဖိစီးစီးကစားနိုင်ခဲ့တာဖြစ်ပါတယ်… နောက်ပြီး ဒီရှုံးပွဲကြောင့် ချဲလ်ဆီးဟာအဆင့် ၄ နေရာကအာဆင်နယ်ထက် ၃ မှတ်သာအသာရတော့တာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ပွဲကို ရာသီသိမ်းခါနီးမှ ဝင်ရောက်လာခဲ့ပြီပဲဖြစ်ပါတယ်… အဲဗာတန်အသင်းနဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ တူချယ်က စိတ်ပျက်ဖွယ်ကောင်းတဲ့ ခံစစ်အမှားတွေကနေ ဂိုးတွေပေးနေရခြင်းအပေါ်ပေါက်ကွဲခဲ့ပြီး ဒီပွဲအပါအဝင် အရှေ့ပွဲတွေမှာ မလိုလားအပ်တဲ့ရမှတ်ဆုံးရှုံးမှုတွေကြောင့် အသင်းအနေနဲ့ လက်ကျန် ၄ ပွဲမှာ ဆက်လက်ရုန်းကန်ရမှာမို့ တာဝန်ကျေရုံအသိနဲ့ကစားနေခြင်းကို အချိန်မှီပြန်ပြင်ဖို့ကိုလည်း ချဲလ်ဆီးအသင်းသားတွေထံ သတိပေးလိုက်ပါတယ်….. ချဲလ်ဆီးအသင်းဟာ လာမယ့် မေလ ၇ […]

ချယ်လ်ဆီးအသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကိုပယ်ချပြီး အသင်းကနေထွက်ခွာတော့မယ့် ခံစစ်မှူး ရူဒီဂါ…..

ချယ်လ်ဆီးနည်းပြ သောမတ်စ်တူချယ် က နောက်ခံလူ အန်တိုနီယို ရူဒီဂါ ဟာ စတန်းဖို့ဒ်ဘရစ်ချ်ကနေ ထွက်ခွာဖို့ဆုံးဖြတ်လိုက်ပြီလို့ ဝက်စ်ဟမ်းကိုအနိုင်ရပွဲအပြီးမှာ အတည်ပြုလိုက်ပါတယ်….. ချယ်ဆီးအသင်းဖက်က စာချုပ်သစ်အတွက် တပတ်လုပ်ခ ပေါင် ၂ သိန်းကျော်အထိတိုးမြှင့်ကမ်းလှမ်းခဲ့ပေမယ့် ရူဒီဂါ က ကမ်းလှမ်းမှုကိုပယ်ချပြီး ယခုနှစ်ဘောလုံးရာသီအကုန်မှာ အလွတ်ပြောင်းရွေ့ကြေးနဲ့ အသင်းကထွက်ခွာဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်….. ဒီကမ်းလှမ်းချက်ဟာ ချယ်လ်ဆီးအသင်းအနေနဲ့ နောက်ဆုံးကမ်းလှမ်းချက်ဖြစ်ပြီး ဒါဟာ ချယ်လ်ဆီးအသင်းသမိုင်းတစ်လျှောက် လစာအကောင်းဆုံးနောက်ခံလူ ဖြစ်လာစေမှာပဲဖြစ်ပါတယ်…..   ဂျာမနီလက်ရွေးစင် ခံစစ်မှူး အန်တိုနီယို ရူဒီဂါ ဟာ စာချုပ်သစ်ကမ်းလှမ်းမှုကို ငွေကြေးအကြောင်းပြချက်တစ်ခုတည်းနဲ့သာ ပယ်ချခဲ့တာဖြစ်ပြီး ယခင်အသင်းပိုင်ရှင် ရုရှားရေနံဘီလျံနာ ရိုမန်အေဘရာမိုဗစ်ချ် အပေါ် ဗြိတိန်အစိုးရမှ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုတွေမလုပ်ခင်ကတည်းက ချယ်လ်ဆီးအသင်းရဲ့ လစာတိုးမြှင့်ကမ်းလှမ်းမှုတွေကို တောက်လျှောက်ငြင်းပယ်လာခဲ့တာလို့ သိရပါတယ်….. ရူဒီဂါ ဟာ ၂၀၁၇ ခုနှစ်မှာ ရိုးမားအသင်းအနေ […]