မေတ္တာရှင်သမားတော်


Daily Show, International Series, Programs January 18, 2021 12:30 am

မေတ္တာရှင်သမားတော်

နန်းတွင်းမှာ မျိုးရိုးစဉ်ဆက်သမားတော်တာဝန်ကိုထမ်းရွက်ခဲ့တဲ့သမားတော်ကြီးရဲ့မျိုးဆက်ဟာ သမီးပျိုလေးအဖြစ်မွေးဖွားလာခဲ့ပါတယ်…
အမျိုးသမီးတွေအတွက်နေရာသိပ်မရှိလှတဲ့နန်းတွင်းထဲမှာ အမျိုးသမီးတွေကိုဆေးကုသခွင့်ပိတ်ပင်ထားပေမယ့် ဆေးကုသရာမှာသူမတူအောင်ထူးချွန်လှတဲ့နှလုံးလှသမားတော်မလေးကတော့ အခက်အခဲတွေများစွာကိုကျော်ဖြတ်ခဲ့ပြီး ဆေးပညာကို လျှို့ဝှက်စွာသင်ယူရင်း သူမရဲ့ပါရမီကြောင့်တဖြည်းဖြည်းနဲ့ကျော်ကြားလာခဲ့ချိန်မှာတော့ …
သူမကြုံတွေ့ရတဲ့အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်ခဲ့သလဲ…? ဆိုတာကိုခံစားကြည့်ရှု့ရမယ့် “မေတ္တာရှင်သမားတော်” ဇာတ်လမ်းတွဲကို YTV Channel ကနေ အပတ်စဉ် တနင်္လာ၊အင်္ဂါ နဲ့ ဗုဒ္ဓဟူး နေ့တွေမှာပြသနေပြီဖြစ်ပါကြောင်း ချစ်ပရိသတ်ကြီးတို့အတွက် သတင်းကောင်းပါးလိုက်ရပါတယ်…

📆 ပြသမည့်ရက် : တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး
⏰ ပြသမည့်အချိန် : ညနေ (၆)နာရီ (၃၀) မိနစ်

📆 ပြန်လည် ပြသမည့်ရက် : တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး
⏰ ပြန်လည် ပြသမည့်အချိန် : မနက် (၁၁) နာရီ (၃၀) မိနစ်