ပဟေဠိနှင်းဆီ
အက်ရှင်ဒရာမာ ဇာတ်လမ်းတွေကို မှခုံခုံမင်မင် ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့အတွက် ၁၉၃၀ နှောင်းပိုင်းက ရှန်ဟိုင်းမြို့ကို နောက်ခံထားရိုက်ကူးထားတဲ့ တရုတ်အက်ရှင်ဇာတ်လမ်းတွဲ“ပဟေဠိနှင်းဆီ” ကို YTV Channel ကနေ ဒီကနေ့ ဇန်နဝါရီ ၁၄ ရက်နေမှာ စတင်ပြသပေးသွားတော့မှာဖြစ်ပါတယ်…
ရှန်ဟိုင်းမြို့မျက်နှာဖုန်း သူဌေးကြီးရဲ့ သမီးကလေးနဲ့ သူမရဲ့ ထက်မြက်ပုံတွေအပြင် နိုင်ငံတော်အပေါ်မှာထားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရင်ထဲက သစ္စာတရားကို ဖော်ထုတ်ပြသပေးသွားမယ့် ဇာတ်လမ်းကောင်း တစ်ခုဖြစ်တဲ့ “ပဟေဠိနှင်းဆီ” ဇာတ်လမ်းတွဲကတော့ ဖက်ဆစ်ဂျပန် ခေတ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာဖြစ်လို့ ဖက်ဆစ်ဂျပန်တွေ ကျူးကျော်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ရှန်ဟိုင်းမြိုု့ကို နောက်ခံထားပြီး မျိုးချစ်သူရဲကောင်တွေရဲ့စွန့်စားခန်းတွေ၊စပိုင်တွေနဲ့ ဝမ်းနည်းစရာအဖြစ်အပျက်တွေကို ရသမျိုးစုံနဲ့ ခံစားကြည့်ရှု့ရမှာဖြစ်ပါတယ်…
ဒါကြောင့် အက်ရှင်ဇာတ်လမ်းတွဲတွေကိုမှ မျှော်လင့်နေတဲ့ပရိသတ်ကြီးတို့အတွက် အက်ရှင်ဇာတ်လမ်းတွဲ“ပဟေဠိနှင်းဆီ” ကို အပတ်စဉ် ကြာသပတေးနဲ့သောကြာနေ့တိုင်း ညနေ ၆ နာရီ ခွဲ အချိန်မှာ YTV Channel မှာ ထုတ်လွှင့် ပြသပေးနေပြီဖြစ်ပါကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်…