Author Archives: Myo Gyi

အက်သလက်တီကိုက ထွက်ခွာမယ့်တိုက်စစ်ကစားသမား ရေးဗားပလိဂ်နှင့် ဘာကာ ဘာကိုရွေးချယ်မလဲ……

ယမန်နှစ်ကစားပွဲတွေပြီးလို့ အက်သလက်တီကိုကနေတိုက်စစ်ကစားသမားတစ်ဦးကတော့ ထွက်ခွာတော့မှာပဲဖြစ်ပါတယ်…ထိုသူကတော့ ဘာစီလိုနာကစားသမားဟောင်း လူးဝစ်ဆွာရက်စ်ပဲဖြစ်ပါတယ်…..ဆွာရက်စ်ဟာ ယမန်နှစ် အက်သလက်တီကိုအသင်းမှာ ကဘာကာမှာလောက် ခြေစွမ်းမပြနိုင်ပဲ တစ်ရာသီလုံးမှာ ၃၅ ပွဲသာကစားထားရပြီး ၁၆ ဂိုးသာသွင်းယူထားနိုင်တဲ့အထိဖြစ်ခဲ့ရပါတယ်....ထို့အပြင်နိုင်ငံတကာလက်ရွေးစင်အသင်းမှာလည်း လက်ရှိရေပန်းစားနေတဲ့ ဒါဝင်နူးနက်စ်က နေရာယူမှုကြောင့် နိုင်ငံတကာ အသင်းမှာပဲထွက်ထားရတာပဲဖြစ်ပါတယ်….

ယခုလက်ရှိမှာတော့ ဆွာရက်စ်အနေနဲ့ အက်သလက်တီကို အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပြီး ရေးဗားပလိဂ် အသင်းဆီကို ပြောင်းရွှေ့ကြေး free ဖြင့် သွားရောက်ကစားတော့မယ်လို့ နာမည်ကြီးအားကစားသတင်းဌာနမှ ထုတ်ပြန်ထားပါတယ်…ထို့အပြင် အသင်းဟောင်း ဘာစီလိုနာအသင်းမှလည်း ပြန်လည်ခေါ်ယူမယ်ဆိုတဲ့ သတင်းများလည်း သို့လော သို့လောနှင့် ထွက်ရှိနေ တာပဲဖြစ်ပါတယ်….

ပေါ်တိုကွင်းလယ်လူကို ရရှိသွားပြီးတဲ့အပြင် ဘရာဇီးလ်တိုက်စစ်ကို အာဆင်နယ်တို့ ပုံဖော်သွားကြမလား…

YTV ချန်နယ်ရဲ့ အားကစားချစ်ပရိသတ်တို့ရေ…ပရီးမီးယားလိဂ်လူဝယ်ရာသီဟာ အသင်းကြီးများအတွက် တစ်ဖြည်း ဖြည်းနဲ့ ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေပြီပဲဖြစ်ပါတယ်…အသင်းကြီးတစ်သင်းအဖြစ်ပါဝင်ဆဲဖြစ်တဲ့ အာဆင်နယ်အသင်းကတော့ ပေါ်တိုကွင်းလယ်လူ ဖေဘီယို ဗီအယ်ရာကို ခေါ်ယူထားပြီဖြစ်ပြီး ယခုအခါမှာလည်း ဂျေးဇုကို ကမ်းလှမ်းထားရာ ပိုဂ္ဂိုလ်အရေး အရသဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်…

အာဆင်နယ်အနေနဲ့ လူဝယ်အားကိုမချသေးပဲ ရာဖင်ဟာကိုလည်း ထပ်မံခေါ်ယူဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်….လက်တလော မှာတော့ လီဗာပူးလ် မန်စီးတီးတို့နှင့် အပြိုင် ကစားသမားခေါ်ယူမှုတွေကိုလုပ်ဆောင်နေပြီး  မာတီနယ်လီနှင့်အတူ တိုက်စစ်မှာ ဂျေးဇုပါဝင်လာမယ့် ဘရာဇီးလ် တိုက်စစ်အတွဲကို ပုံဖော်သွားမလားဆိုတာကိုတော့ နောက်သတင်းများမှာ ဆက်လက်ပြီးတော့ဖော် ပြပေးသွားပါမယ်နော်….

အာဆင်နယ်အသင်းဟာ ဆိုရင် နောက်ရာသီအတွက် အကောင်းဆုံးသော ကစားသမားတွေနဲ့ ပွဲထွက်လာဖို့ ပြင်ဆင်နေပြီပဲဖြစ်ပါတယ်…..ကဲပရိသတ်ကြီးတို့ရေ အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ စိတ်ကူးပုံဖော်ထားတဲ့ ဘရာဇီးတိုက်စစ်ဟာ လာမယ့်ပရီးမီး ယားလိဂ်ရာသီမှာ ဘယ်လိုတွေစွမ်းဆောင်ပြမလဲဆိုတာကို မျှော်လင့်စောင့်စားရင်း နောက်သတင်းအသစ်လေးတွေနဲ့ ပြန်ဆုံကြမယ်နော်……

ရိုးမားကနေ အင်တာသို့ ပြောင်းရွှေ့သွားပြီဖြစ်သည့် မော်ရင်ဟို တပည့်ဟောင်း…..

ရိုးမားအသင်းကနေ မီခီတာရန်းဆိုတဲ့ မော်ရင်ဟိုရဲ့တပည့်ဟောင်းကတော့ အင်တာမီလန်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီပဲ ဖြစ်ပါတယ်…မော်ရင်ဟို မန်ယူမှာရှိစဉ်ကတည်းက မော်ရင်ဟိုနှင့်တောက်လျှောက်လက်တွဲပူးပေါင်းလာတာဖြစ်ပြီး ယခုအခါမှာ တော့မော်ရင်ဟိုရဲ့ ရိုးမားအသင်းနှင့် လမ်းခွဲခဲ့ရပြီပဲဖြစ်ပါတယ်…

မီခီတာရန်းဟာ ၂၀၁၀ ခုနှစ်မှာ ရှက်တာဒိုးနတ်အသင်းကနေ ပေါ်ပေါက်လာခဲ့တဲ့ နောက်ခြံတိုက်စစ်မှုး တစ်ဦးဖြစ်ပြီး ၂၀၁၃ အရောက်မှာ ဒေါ့မွန်သို့ ပြောင်းရွှေ့ကစားခဲ့ပါတယ်…ဒေါ့မွန်အသင်းရဲ့ ရှေ့နောက် တိုက်စစ်နှင့် ခံစစ် ကိုဟန်ချက်ညီအောင် ဆော့ကစားပြခဲ့ပြီး ခြေစွမ်းတက်နေချိန်မှာတော့ ၂၀၁၆ ခုနှစ် မော်ရင်ဟို ကိုင်တွယ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကစားလာခဲ့ပါတယ်…ထိုအချိန်က မော်ရင်ဟိုနှင့်အတူ ယူရိုပါလိဂ်ဖလားကို ရယူပေးထားနိုင်တဲ့ အဓိကကစားသမား အဖြစ် ပါဝင်နေခဲ့တာပဲဖြစ်ပါတယ်….ထို့နောက် အာဆင်နယ်အသင်းနှင့် ကစားသမားလဲ လှယ်ခဲ့ပြီး မန်ချက်စတာမြေမှာလည်း အမေ့ခံ သူရဲကောင်းအဖြစ်နဲ့သာ ထင်ကျန်စေခဲ့တာပဲဖြစ်ပါတယ်…နောက်ပိုင်းမှာတော့ အသက်အပိုင်းအခြားအရ အနည်းငယ် မှေးမှိန်သွားခဲ့ရပြီး ၂၀၁၉ အစောပိုင်းလောက်မှာ မော်ရင်ဟိုနှင့် ပြန်လည်လက်တွဲခဲ့ပါတယ်…မော်ရင်ဟိုရဲ့ ရိုးမားသို့ပြန်လည် ရောက်ရှိသွားပေမဲ့လည်း ကျန်းမာရေးပြဿနာများကြောင့် ပွဲထွက်ခွင့်ပုံမှန်မရရှိခဲ့တာပဲ ဖြစ်ပါတယ်…

အခုအခါမှာတော့ ရိုးမားကို စွန့်ခွာပြီး ပြိုင်ဘက်အသင်းဖြစ်တဲ့ အင်တာသို့ပြောင်းရွှေ့ကစားပြီပဲဖြစ်ပါတယ်…အားကစားချစ်ပရိသတ်ကြီးတို့အနေနဲ့ရော အင်တာမီလန်အသင်းမှာ မီခီတာယန်း တစ်ယောက် အရင်ပုံရိပ်ကောင်းခြေစွမ်းကောင်း ပြန်လည်ရရှိသွား မလားဆိုတာ ပြောပြပေးခဲ့ရင်း နောက်နေ့ တွေမှာ အသစ်အသစ်သော အားကစားသတင်းလေးတွေနဲ့ ပြန်လာခဲ့ပါမယ်နော်…

ဂျာမနီမြေသို့ လျှောက်လှမ်းသွားပြီဖြစ်တဲ့ လီဗာပူးလ်ကစားသမားလေး…..

လီဗာပူးလ်အသင်းမှ ယခုနှစ် တိုက်စစ်အတွက် ဒါဝင်နူးနက်စ် ကိုခေါ်ယူပြီးနောက်ပိုင်းမှာ တောင်ပံတိုက်စစ်ကစားသမားလေး မာနေးကို ဂျာမနီမြေက ဘိုင်ယန်မြူးနစ် အသင်းဆီရွှေ့ပြောင်းခွင့်ပေးလိုက်ရပြီပဲဖြစ်ပါတယ်….

အသက်၃၀ နှစ်ရှိပြီ ဖြစ်တဲ့ အဆိုပါ ဆီနီဂေါ ကစားသမားလေးဟာ ကစားသမားအစမှာ မိန့်အသင်းကနေ ဆဲလ်ဘတ်အသင်းဆီကို ၂၀၁၂ ခုနှစ်မှာရောက်ရှိလာခဲ့ပြီး တောင်ပံတစ်လျှောက် ကောင်းမွန်လှတဲ့ ခြေစွမ်းတွေကြောင့်  ၂၀၁၄ မှာ ပရီးမီးယားလိဂ်ကလပ် ဆောက်သန်တမ်အသင်းက ခေါ်ယူသွားခဲ့ပါတယ်…အဆိုပါအသင်းမှာလည်း တိုက်စစ်ကိုလိုက်ပါပံ့ပိုးမှုများက ပြိုင်ဘက်အသင်းကြီး များရဲ့ နောက်တန်းကို အလုပ်ရှုပ်စေခဲ့တာကြောင့် ၂၀၁၅ ခုနှစ် ရာသီကုန်အပြီးမှာ မန်ယူနှင့် လီဗာပူးလ်တို့ အပြိုင်ခေါ်ယူခဲ့ရာမှာ လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့ကစား ခဲ့တာပဲဖြစ်ပါတယ်…လီဗာပူးလ်အသင်းကိုရောက်ရှိစဉ်ကလည်း အင်တာဗျူးတစ်ခုမှာ “သူ့ရဲ့ရွေးချယ်မှုအပေါ် နောင်တရမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်”…. တကယ်လည်းရွေးချယ်မှု မှန်ကန်ခဲ့ပြီး လီဗာပူးလ် နည်းပြ ဂျာဂျင်ကလော့ပ် လက်ထက်မှာ အကောင်းမွန်ဆုံးတောက်ပပြခဲ့တဲ့ ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်….လီဗာပူးလ်အသင်းမှာ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၁ ရာသီကုန်အထိ ပွဲပေါင်း (၂၆၉) ပွဲကစားထားပြီး ပြိုင်ပွဲစုံတွင် ဂိုးပေါင်း (၁၂၀) ထိသွင်းယူထားတဲ့ ကစား သမားကောင်းလေးတစ်ဦးပဲဖြစ်ပါတယ်…ဘိုင်ယန်အသင်းဆီကိုတော့ ပေါင် ၅၀ သန်းနှင့် အထက် အခြားထပ်ပေါင်းဆုကြေးများပါ အပါနှင့်ပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်…

အင်္ဂလန်မြေမှာ တောက်ပခဲ့တဲ့ ကြယ်ပွင့်လေးတစ်ပွင့် ဂျာမနီမြေမှာလည်း ဆက်လက်တောက်ပသွားမလားဆိုတာ လာမည့် ပွဲစဉ်များ မှာ ဆက်လက်ကြည့်ရှုကြရအောင်ဗျာ……..

 

လီဝန်ဒေါစကီး၊ရာဖင်ဟာ နှင့် ဗာနန်ဒို ဆေးလ်ဗား တို့ကိုခေါ်ယူဖို့ ဘဏ္ဍာရေးပြဿနာတွေ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာ….

ယခုနှစ်အပြောင်းအရွှေ့ကာလတွင် စပိန်ကလပ်က ဘာစီလိုနာအနေနဲ့ အပြောင်းအရွှေ့ ကိစ္စများနဲ့ တော်တော်လေး တိုင်ပတ် နေတာကို တွေ့ရပါတယ်….မန်ယူကို ရောင်းချမယ့်ဒီဂျောင်ကိုလည်း ယခုထက်ထိပြောင်းရွှေ့ကြေး အနည်းငယ်လိုအပ်မှုတို့ကြောင့် နှောင့်နှေးနေရပြီး ဘာကာဘက်မှလည်း ဘဏ္ဍာရေးပြဿနာအချို့ ရင်ဆိုင်နေရတာကြောင့် ကစားသမားဝယ်ယူမှုကို လုပ်ဆောင်၍မရ သေးတာပဲဖြစ်ပါတယ်…

ဆီဗီးလားမှ ခံစစ်ကစားသမားလေး Kounde ကိုလည်း ခေါ်ယူဖို့ ပြင်ဆင်နေပေမယ့်  ဆီးဗီးလားအသင်းမှ‌ ပြောင်းရွှေ့ကြေး သန်း ၆၀ သတ်မှတ်ထားတာကြောင့် အခက်တွေ့နေရတာပဲဖြစ်ပါတယ်….ဗာနန်ဒို ဆေးလ်ဗားအနေနဲ့ လည်းရောက်ရှိလာဖို့ နီးစပ်နေပြီ ဖြစ်ပြီး ဒီဂျောင်ရဲ့ အပြောင်းအရွှေ့ မအောင်မြင်သေးတာကြောင့် ခေါ်ယူဖို့ တုံ့ဆိုင်းနေရတာပဲဖြစ်ပါတယ်….ရာဖင်ဟာ ကစားသမား လေးကိုလည်း ခေါ်ယူဖို့စိတ်ဝင်တစားစောင့်ကြည့်နေပြီး အဆိုပါကစားသမားကို အာဆင်နယ်အသင်းဘက်မှ လဲ ခေါ်ယူဖို့ ပြင်ဆင်နေ တယ်လို့ သတင်းများရဲ့ဖော်ပြချက်အရသိရပြီးဖြစ်ပါတယ်….လက်ရှိဘိုင်ယန်မြူးနစ်အသင်းမှ ထွက်ခွာလာတဲ့ လီဝန်ဒေါစကီးကိုလဲ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်းကိုလဲ သတင်းတော်တော်များများက ဖော်ပြနေကြတာပဲဖြစ်ပါတယ်…

ဘဏ္ဍာရေးပြဿနာတွေ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအနေနဲ့ ကစားသမားခေါ်ယူမှုတွေ ဖြစ်ပေါ်လာမလား….လက်ရှိအသင်းမှာရှိနေ တဲ့ကစားသမားတွေကိုပဲရောင်းထုတ်သွားမလားဆိုတာ နောက်လာမယ့်သတင်းများမှာ ဆက်လက်ဖော်ပြပေးသွားပေးပါ့မယ်နော်…

စပါယ်ရှယ် ရီးရဲလ် အသင်းကိုတည်ဆောက်ဖို့ ဖိအားအောက်ကရုန်းထွက်တော့မယ့် တိုက်စစ်ကစားသမားလေး…..

စပိန်ချန်ပီယံ ရီးရဲလ်အသင်းကတော့ ယခုလက်တလောမှာ ပရီးမီးယားလိဂ်နှင့် နာမည်ထွက်သမျှ ကစားသမားတိုင်းကို ပိုင်ဆိုင်ထားပြီ ဖြစ်ပြီး ရူဒီဂါအနေနဲ့လည်း ရောက်ရှိသွားပြီပဲဖြစ်ပါတယ်……လူငယ်ကွင်းလယ်ကစားသမားလေး ချူအာမန်နီကို လည်းခေါ်ဆိုထားပြီး ယခုအခါမှာ အသင်းကို အကောင်းဆုံးအောင်တည်ဆောက်ဖို့ ကြွေးကြော်ထားပြီပဲ ဖြစ်ပါတယ်….

အဆိုပါအစီအစဉ်မှာ မပါဝင်လိုတော့ပဲ ဖိအားကနေရုန်းထွက်တော့ တိုက်စစ်ကစားသမားလေးကတော့ vinicius Junior ဆိုတဲ့ ကောင်လေးပဲဖြစ်ပါတယ်….၂၀၁၈ ခုနှစ်မှာ ဖလာမင်ဂို လူငယ်အသင်းကနေ ခေါ်ယူထားတဲ့ အဆိုပါကစားသမားလေးကို ယမန်နှစ် ကမှ ဘန်ဇီမာတို့နှင့် တွဲဖက်ပြီး ရှေ့တန်းမှာ ပုံဖော်ပေးခဲ့တာပဲဖြစ်ပါတယ်…..၂၀၁၈ ခုနှစ်ကနေ ယခုအချိန်အထိ ရီးရဲလ်အသင်းတွင် ပွဲပေါင်း ၁၇၀ ကျော်ကစားထားပြီး ၃၇ ဂိုးသွင်းယူပေးထားတဲ့ လူငယ်ခြေတက်လေးပဲဖြစ်ပါတယ်…ရီးရဲလ်ကနေ ထိုကစားသမား လေးကို စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ကစား သမားဘက်က ငြင်းပယ်ခဲ့တာပဲဖြစ်ပါတယ်…

ရီးရဲလ်အသင်းမှာ လေးနှစ်တာ အသုံးတော်ခံပေးခဲ့တဲ့ အဆိုပါကစားသမားလေးကို အာကစားချစ်ပရိသတ်ကြီးတို့ အနေနဲ့ ဘယ်အသင်းကို ရောက်စေချင်လဲဆိုတာလေးတွေကို ခန့်မှန်းပေးသွားခဲ့ပါဦးနော်….

ပေါ်တိုအသင်း တိုက်စစ်မှုးကို စိတ်ဝင်စားနေတဲ့ မန်ချက်စတာယူနိုက်တက်…..

မန်ချက်စတာယူနိုက်တက်အသင်းသည် ယခုချိန်ထိ ကစားသမားခေါ်ယူခြင်းတွင် တွင်တွင်ကျယ်ကျယ် ထိရောက်မှုမရှိသေးသည့် အသင်းအဖြစ် ပရိသတ်တော်တော်များများက ဝေဖန်နေကြပါတယ်…ယခုအခါမှာလည်း ပေါ်တိုအသင်းမှ တိုက်စစ်မှုး အီဗာနေးဆင် ကိုခေါ်ယူဖို့ ချိန်ရွယ်နေတယ်လို့ သိရပါတယ်….ပေါ်တိုအသင်း ကွင်းလယ်ကစားသမားဖြစ်တဲ့  ဗီအယ်ရာကိုလည်း ပြိုင်ဘက် အသင်းကိုဆုံးရှုံးလိုက်ရပြီးဖြစ်သလို အီဗာနေးဆင်ကိုလဲခေါ်ယူဖို့ချိန်ရွယ်နေခဲ့တာပဲ ဖြစ်ပါတယ်…..

ထို့အပြင် ရိုးမားတိုက်စစ် ကစားသမား အေဗရာဟင်ကိုလည်းခေါ်ယူဖို့ ကမ်းလှမ်းထားတာဖြစ်ပြီး ပေါ်တိုအသင်းမှ တိုက်စစ်မှုး အီဗာနေးဆင်ကို ခေါ်ယူမည်ဆိုပါက ယူရိုသန်း ၈၀ အထိ ပြောင်းရွှေ့ကြေးကိုဈေးတင်ထားပြီး ဖြစ်ပါတယ်….ပေါ်တိုအသင်းဟာ အဆိုပါကစားသမားလေးကို ၂၀၂၀ ခုနှစ်ကမှ ဘရာဇီးလ်အသင်းမှ ၈.၈ သန်းနှင့် ဝယ်ယူထားတာဖြစ်ပြီး ပွဲပေါင်း ၂၄ ပွဲကစားထား ရာ ၂၁ ဂိုးထိသွင်းပေးထားနိုင်တဲ့ တိုက်စစ်မှုးကောင်းတစ်ဦးပဲ ဖြစ်ပါတယ်…

မန်ယူရဲ့ ယခုခေါ်ယူဖို့ ရေပန်းစားနေတဲ့ကစားသမားများမှာ အေဗရာဟင်၊အန်တိုနီ၊ဒီဂျောင်၊ရူဗင်နားဗက်၊ရာဖင်ဟာ၊ဒိုင်ဗာလား နှင့် အခြား သောကစားသမားတော်တော်များကိုလဲခေါ်ယူဖို့ ကြံရွယ်နေသေးတာပဲဖြစ်ပါတယ်….အသင်းကြီးတွေထဲမှာ ကစားသမား မခေါ် သေးတာဆိုလို့ မန်ယူအသင်းအပြင် ချယ်ဆီးလ်အသင်း လည်းကျန်ရှိနေသေးတာပဲဖြစ်ပါတယ်….အားကစားသမား ပရိသတ် ကြီးတို့အနေနဲ့ရော အပြောင်းအရွှေ့တွေကြားမှာ အနယ်ထိုင်နေတဲ့ အဆိုပါအသင်းနှစ်သင်းကို ဘာတွေပြောချင်လဲဆိုတာလေးကို မန့်ပေးခဲ့ပါဦးနော်…..

မန်ချက်စတာယူနိုက်တက်အသင်းထံ ရောက်ရှိဖို့ နီးစပ်နေတဲ့ တောင်ပံကစားသမားလေး…..

ယခုနှစ်လူဝယ်ရာသီမှာ အသင်းကို ပြန်လည်ပြုပြင်မွမ်းမံနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပထမဆုံး အပြောင်းအရွှေ့ ဖြစ်လာတော့မယ့် တောင်ပံကစားသမားလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်….ထိုကစားသမားလေးကတော့ အသက်၂၂ နှစ် သာရှိသေးတဲ့ အေဂျက်စ် အသင်းရဲ့ ကစားသမားလေး အန်တိုနီကို ခေါ်ယူတော့မယ်ဆိုတဲ့ သတင်းလေးပဲဖြစ်ပါတယ်…

မန်ချက်စတာယူနိုက်တက်ဘက်မှ အန်တိုနီအတွက် ယူရို သန်း ၄၀ ဝန်းကျင် လောက်သုံးစွဲသွားမယ်လို့  the sun သတင်းဌာနမှ စုံစမ်းသိရှိထားရပါတယ်…..အေဂျက်စ်အသင်းအနေနဲ့ အန်တိုနီကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ သတ်မှတ်ထားတာဖြစ်ပြီး နောက် ဆုံးသဘောတူညီချက်များနဲ့ ညှိနှိုင်းလုပ်ဆောင်ချက်များကို အမြန်ပြီးစေချင်နေပြီး မန်ချက်စတာယူနိုက်တက်ဘက်မှ အပေါင်း ဖက်ဆောင်တဲ့ သဘောတူညီမှုတော်တော်များများကို ပြီးစီးနေပြီလို့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပြောရေးဆိုခွင့်ရသူ ရိုမာနိုက လည်းပြောဆိုထားပါတယ်…မန်ချက်စတာယူနိုက်တက် နည်းပြကြီး တန်ဟက်စ်ကတော့ ဒီဂျောင်ကိုသာ ဦးစားပေးခေါ်ဆိုဖို့ မန်ချက်စတာယူနိုက်တက်ဘုတ်အဖွဲ့ကို တောင်းဆိုထားပေမယ့်  ဘာစီလိုနာနှင့် ညှိနှိုင်းမှုပြဿနာလေးအချို့  ရှိနေတာပဲဖြစ်ပါတယ်…..

ကဲမန်ချက်စတာယူနိုက်တက် အပြောင်းအရွှေ့ကို မျှော်လင့်နေကြတဲ့ အားကစားပရိသတ်တို့ရေ….သတင်းကောင်းလေးနောက်မှာ ရောက်ရှိလာဖို့ပဲရှိတော့တာမို့ အမြန်ဆုံးညှိနှိုင်းမှုအပြီးသတ် ဝယ်ယူနိုင်အောင် တိုက်တွန်းလိုက်ရအောင်ဗျာ…..

ဝေးလ်အသင်း မန်နေဂျာအဖြစ်ကနေ ထွက်ခွာသွားတဲ့ ဂန္တဝင်ကစားသမားကြီး……

၂၀၂၀ ခုနှစ်ကနေ စတင်ကိုင်တွယ်ခဲ့တဲ့ဝေးလ်မန်နေဂျာကြီးကတော့ မန်နေဂျာ ရာထူးကနေ နှုတ်ထွက်လိုက်ပြီပဲ ဖြစ်ပါတယ် ….ထိုသူက တော့ မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္တဝင်ကစားသမားကြီး ရိုင်ယန်ဂစ် ပဲဖြစ်ပါတယ်….. ရိုင်ယန်ဂစ်ဟာ ၂၀၂၀ ခုနှစ်မှစတင်ကာ ဝေးလ်အသင်းကို မန်နေဂျာအဖြစ်ကိုင်တွယ်ခဲ့ပြီး ယခုအခါမှာတော့ ဝေးလ်အသင်းကနေ ထွက်ခွာလာခဲ့ပြီပဲ ဖြစ်ပါတယ်…

ထွက်ခွာလာတဲ့နေ့က အင်တာဗျူးမှာတော့ “ကျွန်တော့်အနေနဲ့ အများကြီး စဉ်းစားဆင်ခြင်နိုင်ခဲ့ပါတယ်…ဝေးလ်ရဲ့ လက်ရွေးစင် အသင်း ကို နိုင်ငံတကာမှာ ရပ်တည်နိုင်အောင် မန်နေဂျာတစ်ယောက်အနေနဲ့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး….ကျွန်တော့် ဂုဏ်သိက္ခာနဲ့ တန်းတူအခွင့်အရေးကို အမိမြေမှာရခဲ့ပေမဲ့ ကောင်းစွာအသုံးမချနိုင်ခဲ့လို့ များစွာစိတ်မကောင်းဖြစ်ရပါတယ်… ဝေးလ်အသင်း ကတော့ FA စည်းမျဉ်းစည်းကမ်းအတိုင်း ဆက်သွားနေဦးမှာပါ…မန်နေဂျာကောင်းတစ်ယောက် ရောက်ရှိလာပြီး သေချာတဲ့ကစား သမားရွေးချယ်မှုတွေ နဲ့ ရှင်းလင်းမှုတွေကို ဆက်လုပ်မှာပါ” လို့ထွက်ခွာအပြီး အင်တာဗျူးမှာဖြေကြားသွားခဲ့ပါတယ်….သူ့အနေနဲ့ လာမယ့် ဩဂုတ်လမှာ အမှုရင်ဆိုင်စရာ ပြဿနာအချို့ ရှိတယ်လို့ သိရပါတယ်…

အားကစားပရိသတ်ကြီးတို့ရေ….ကျွန်တော်တို့ရဲ့ မန်ယူဂန္တဝင်ကြီးကို အကောင်းဆုံးကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ကြ ရအောင်ဗျာ….