အားကစားသတင်းများကို အမြဲစောင့်မျှော်ကြည့်ရှုနေတဲ့ YTV ပရိသတ်ကြီးဆီကို စိတ်ဝင်စားဖွယ် အပြောင်းအရွှေ့သတင်းလေး တစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်…..အာဆင်နယ်အသင်းကတော့ ယခု နွေရာသီအပြောင်းအရွှေ့မှာ ပေါ်တိုကွင်းလယ်လူ ဖေဘီယို ဗီအယ်ရာ ကိုခေါ်ယူပီးတဲ့နောက်မှာ နောက်ထပ်တိုက်စစ်ကိုထပ်မံဖြည့်သွင်းဖို့ ဂါဘရီရယ် ဂျီဆပ်ကို ခေါ်ယူဖို့ ကမ်းလှမ်း ချက်တော်တော်များများ ရှိနေတယ်လို့ မီဒီယာများက ဖော်ပြနေကြပါတယ်…
မန်စီးတီးဖက်မှ အဆိုပါကစားသမားအတွက် ယူရို သန်း ၅၀ ကမ်းလှမ်းထားပြီး အာဆင်နယ်ဖက်မှ ခေါ်ယူဖို့ သန်း ၃၀ လောက်ပဲ သုံးဖို့ ကြံရွယ်ထားတယ်လို့ဆိုပါတယ်….စပါးကတော့ အာဆင်နယ်နှင့်အပြိုင် ခေါ်ယူဖို့ပြင်ဆင်နေပြီလို့ သိရပါတယ်…..ဂျီဆပ် ဟာ ယမန်နှစ်က မန်စီးတီးအသင်းမှာ ဥရောပပြိုင်ပွဲအစုံမှာ ၃၈ ပွဲကစားထားပြီး ဂိုး ၂၀ သွင်းယူထားတဲ့ တိုက်စစ်နဲ့ တောင်ပံတစ်လျှောက် အကောင်းဆုံး ခြေစွမ်းပြနေတဲ့ ကစားသမားကောင်းလေးပဲ ဖြစ်ပါတယ်…အာဆင်နယ်နည်းပြ အာတီတာ အနေနဲ့ကလည်း တိုက်စစ်မှာထွက်ခွာသွားတဲ့ လာကာဇက် နေရာမှာ အစာထိုးဖို့ ကြံရွယ်နေတာလည်းဖြစ်ပါတယ်….
စပါးအသင်းကတော့ မန်စီးတီးဘက်မှ အေးဂျင့်များနှင့်တွေ့ဆုံပြီး ဈေးမေးထားပြီလို့ Mirror သတင်းဌာနမှ ဖော်ပြထားပါတယ်…အားကစားဝါသနာရှင်တွေ အနေနဲ့ရော ဂျီဆပ်ဆိုတဲ့ကောင်လေးကို ဘယ်အသင်းမှာမြင်ချင်လဲဆိုတာကို မန့်သွားပေးခဲ့ပါဦးနော်…