ယခုနှစ်အပြောင်းအရွှေ့ကာလတွင် စပိန်ကလပ်က ဘာစီလိုနာအနေနဲ့ အပြောင်းအရွှေ့ ကိစ္စများနဲ့ တော်တော်လေး တိုင်ပတ် နေတာကို တွေ့ရပါတယ်….မန်ယူကို ရောင်းချမယ့်ဒီဂျောင်ကိုလည်း ယခုထက်ထိပြောင်းရွှေ့ကြေး အနည်းငယ်လိုအပ်မှုတို့ကြောင့် နှောင့်နှေးနေရပြီး ဘာကာဘက်မှလည်း ဘဏ္ဍာရေးပြဿနာအချို့ ရင်ဆိုင်နေရတာကြောင့် ကစားသမားဝယ်ယူမှုကို လုပ်ဆောင်၍မရ သေးတာပဲဖြစ်ပါတယ်…
ဆီဗီးလားမှ ခံစစ်ကစားသမားလေး Kounde ကိုလည်း ခေါ်ယူဖို့ ပြင်ဆင်နေပေမယ့် ဆီးဗီးလားအသင်းမှ ပြောင်းရွှေ့ကြေး သန်း ၆၀ သတ်မှတ်ထားတာကြောင့် အခက်တွေ့နေရတာပဲဖြစ်ပါတယ်….ဗာနန်ဒို ဆေးလ်ဗားအနေနဲ့ လည်းရောက်ရှိလာဖို့ နီးစပ်နေပြီ ဖြစ်ပြီး ဒီဂျောင်ရဲ့ အပြောင်းအရွှေ့ မအောင်မြင်သေးတာကြောင့် ခေါ်ယူဖို့ တုံ့ဆိုင်းနေရတာပဲဖြစ်ပါတယ်….ရာဖင်ဟာ ကစားသမား လေးကိုလည်း ခေါ်ယူဖို့စိတ်ဝင်တစားစောင့်ကြည့်နေပြီး အဆိုပါကစားသမားကို အာဆင်နယ်အသင်းဘက်မှ လဲ ခေါ်ယူဖို့ ပြင်ဆင်နေ တယ်လို့ သတင်းများရဲ့ဖော်ပြချက်အရသိရပြီးဖြစ်ပါတယ်….လက်ရှိဘိုင်ယန်မြူးနစ်အသင်းမှ ထွက်ခွာလာတဲ့ လီဝန်ဒေါစကီးကိုလဲ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်းကိုလဲ သတင်းတော်တော်များများက ဖော်ပြနေကြတာပဲဖြစ်ပါတယ်…
ဘဏ္ဍာရေးပြဿနာတွေ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအနေနဲ့ ကစားသမားခေါ်ယူမှုတွေ ဖြစ်ပေါ်လာမလား….လက်ရှိအသင်းမှာရှိနေ တဲ့ကစားသမားတွေကိုပဲရောင်းထုတ်သွားမလားဆိုတာ နောက်လာမယ့်သတင်းများမှာ ဆက်လက်ဖော်ပြပေးသွားပေးပါ့မယ်နော်…