.ချယ်လ်ဆီးရဲ့ သွက်လက်တဲ့ လူဝယ်မှုနှင့် ရောက်ရှိလာနိုင်တဲ့ ကစားသမားလေးများ…

ပရီးမီးယားလိဂ်ကလပ်များရဲ့ အပြောင်းအရွှေ့များဟာ တစ်နေ့ထက်တစ်နေ့ စိတ်ဝင်စားဖွယ်ကောင်းလာပြီး သက်ဝင်လှုပ်ရှားမှုတွေ ကလည်း တော်တော်လေးမျက်ဝါးထင်ထင် မြင်တွေ့နေရပြီပဲဖြစ်ပါတယ်….ပိုင်ရှင်အသစ်ရောက်ရှိလာခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာအပြောင်းအရွှေ့ ပိတ်ခါနီးကာလနီးစပ်လာတာနှင့်အမျှ တိုက်စစ် နှင့် ခံစစ်ကစားသမားများကိုခေါ်ယူဖို့ ဈေးကွက်ထဲမှာ တော်တော် လေးခြေလှမ်းသွက်စွာ လှုပ်ရှားနေပြီပဲဖြစ်ပါတယ်…

ဒီလစ် ဆိုတဲ့ ဂျူဗင်တပ်ခံစစ် ကစားသမားလေးကို အသင်းမှ တိုက်စစ်ကစားသမား တီမိုဝါနာနှင့် အလိုက်ပေးလဲလှယ်ရန် ပြင်ဆင် ထားပြီး ပြိုင်ဘက်အသင်းဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းမှ တိုက်စစ်ကစားသမား ရိုင်ယယ် စတာလင်ခေါ်ယူရန် တော်တော် လေးနီးစပ်နေပြီး ဘာစီလိုနာအသင်းမှ တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ အော်စမန်နီ ဒမ်ဘီလီ ကိုလည်းခေါ်ယူရန် ကြိုးစားနေတာပဲ ဖြစ်ပါတယ်…..ဒမ်ဘီလီဟာ ဘာကာနှင့် စာချုပ်သက်တမ်း ပြည့်တော့မှာဖြစ်သလို မန်စီးတီးကစားသမား စတာလင်ကလည်း မန်စီးတီးနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ ချယ်လ်ဆီးအနေနဲ့ ဘယ်သူက ယခုနှစ်ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရောက်လာမလည်းဆိုတာ မျှော်လင့်နေတာလည်းဖြစ်ပါတယ်….ချယ်လ်ဆီး ပိုင်ရှင်အနေနဲ့ နည်းပြကြီး သောမတ်တူချယ်လ်ကို နွေရာသီ အပြောင်းအရွှေ့အတွက် သန်း ၂၀၀ နီးပါးအထိ ထုတ်ပေးထားတာကြောင့် သောမတ်တူချယ်လ်အနေနဲ့ ကစားသမားဝယ်ယူပိုင်း အေခြေအနေမှာ ကျန်ရှိသော ပရီးမီယားလိဂ် ကလပ်များထပ် ကစားသမားဝယ်ယူခွင့်က အလားအလာ ပိုကောင်းနေတာပဲ ဖြစ်ပါတယ်....

ချယ်လ်ဆီးပိုင်ရှင်အနေနဲ့ကလည်း လွန်ခဲ့တဲ့ အတောအတွင်းမှာပဲ မန်ချက်စတာယူနိုက်တက် ရဲ့ legend ကြီး ရိုနယ်ဒို ကိုခေါ်ယူဖို့ အေးဂျင့် ဂျော့မန်ဒက်စ်နှင့် တွေ့ဆုံခဲ့တယ်လို့လဲ သိရပါတယ်…..ချယ်လ်ဆီးဖန် ပရိသတ်ကြီးတို့အနေနဲ့ရော ယခုနွေရာသီ အပြောင်းအရွှေ့ ကာလမှာ ဘယ်ကစားသမား လေးတွေကို ရောက်စေချင်လဲဆိုတာကို မန့်ပေးခဲ့ပါဦးနော်……