ဂျူဗင်တပ်ရဲ့ခံစစ်မှုးကို အပြိုင်ခေါ်ယူကြမယ့် မန်ယူနှင့်ချယ်လ်ဆီး…….

အားကစားကို နေ့စဉ်မပြတ်စောင့်မျှော်ကြည့်ရှုနေကြတဲ့ ပရိသတ်ကြီးကို ytv ရဲ့ အားကစားသတင်းများတင်ဆက်ပေးနေတဲ့ website လေးမှပြန်လည်ကြိုဆိုလိုက်ရပါတယ်….ဒီကနေ့ တင်ဆက်ပေးချင်တဲ့ သတင်းအကြောင်းအရာလေးကတော့ အေဂျက် ခံစစ်မှူးဟောင်းလေး လက်ရှိ ဂျူဗင်တပ်မှ ထွက်ခွာမယ်လို့ သတင်းတွေထွက်နေတဲ့ ဒီလစ်အကြောင်းပဲဖြစ်ပါတယ်…..ဒီလစ်အနေနဲ့ အေဂျက်မှာရှိစဉ်ကတည်းက မန်ယူမှခေါ်ယူရန် ပစ်မှတ်ထားခဲ့သော်လည်း ဂျူဗင်တပ်အသင်းထံ စံချိန်တင်ပြောင်းရွှေ့ကြေး နဲ့ ရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်…

ထိုအချိန်က မန်ယူအသင်းဆီကို ရောက်ရှိလာတဲ့ ခံစစ်မှူးကတော့ လက်ရှိဝေဖန်မှုတွေမြင့်တက်နေတဲ့ မက်ဂွိုင်းယားပဲဖြစ်ပါတယ်..အခုအခါမှာတော့ နည်းပြကြီးတန်ဟက်လက်ထက်မှာ သူ့ရဲ့ ကစားသမားကောင်းလေးတွေကို ပြန်လည်စုစည်းနေလို့ ဒီလစ်ကို ခေါ်ယူဖို့ ပြန်လည်ဦးတည်လာခဲ့ပြီပဲဖြစ်ပါတယ်….ထိုကစားသမားလေးကို မန်ချက်စတာ ပြိုင်ဘက်အသင်းဖြစ်တဲ့ ချယ်လ်ဆီးအနေ နဲ့ကလည်း ခေါ်ယူဖို့ စောင့်ကြည့်နေတာပဲဖြစ်ပါတယ်….ဒီလစ်အနေနဲ့ ဂျူဗင်တပ်ကနေ ထွက်ခွာဖို့ သေချာသလောက်ရှိနေပြီဖြစ် ပြီး သူ့အနာဂတ်မှာ ဆရာဟောင်းဖြစ်တဲ့ တန်ဟက်ရှိတဲ့ မန်ယူဆီကို ရောက်လာမလား….ချယ်လ်ဆီးနည်းပြ တူချယ်ရဲ့လက်အောက်မှာဆက်လက်တောက်ပဖို့ ရွေးချယ်မလားဆိုတာ စောင့်မျှော်ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်…

နည်းပြကြီးတန်ဟက်အနေနဲ့ကလည်း မန်ယူမှ ယခုနှစ်နွေရာသီ အတွက် ထုတ်ပေးထားတဲ့ ဘက်ဂျက်ကို ပြန်ငဲ့မလားဆိုတာလေးနဲ့ ချယ်လ်ဆီးရဲ့ ပိုင်ရှင်အသစ်ကလည်း တူချယ်ကို သန်း ၂၀၀ ထိ သုံးဖို့ ထုတ်ပေးထားတာဖြစ်လို့ ချယ်လ်ဆီးနဲ့ မန်ယူ ဘယ်အနာဂတ်မှာ ဒီလစ်ဆိုတဲ့ ကောင်လေး တောက်ပသွားမလည်းဆိုတာ ပရိသတ်ကြီးတို့အနေနဲ့ ခန့်မှန်းပေးသွားခဲ့ပါဦးနော်…