လီဗာပူးလ်နှင့် သတင်းတွေထွက်နေတဲ့ ဒေါ့မွန်ကစားသမားလေး ဘယ်လင်ဟမ်

ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့ဈေးကွက်တွေ  ရာသီပိတ်သိမ်းဖို့ နီးလာတာနဲ့ ကစားသမားအပြောင်းအရွှေ့တွေကလည်း တော်တော်လေး ခြေလှမ်းသွက်နေပြီပဲဖြစ်ပါတယ်…ယခုအခါမှာ လီဗာပူးလ်အသင်းအနေနဲ့ ဒေါ့မွန်အသင်းမှ အလယ်တန်းကစား သမားလေး ဘယ်လင်ဟမ်ကိုခေါ်ယူဖို့ သတင်းတွေထွက်နေပြီပဲဖြစ်ပါတယ်…လီဗာပူးလ်အလယ်တန်းမှာ သီယာဂိုနဲ့ ဖာဘင်ဟို တို့အတွဲအဖက်ရှိပေမယ့် Keita နဲ့ တွဲဖက်ကစားစေဖို့   ခေါ်ယူမယ်လို့ ကြားသိရပါတယ်…

အဆိုပါ ဘယ်လင်ဟမ် လူငယ်လေးဟာ ဒေါ့မွန်အသင်းရဲ့ ယမန်နှစ်ရာသီမှာ ကွင်းလယ်တစ်ကြောကို အကောင်းဆုံး ခြေစွမ်းပြ ထားတဲ့ ကစားသမားလေးပဲ ဖြစ်ပါတယ်…ယခု အင်္ဂလန်အသင်းမှာလည်း ပါဝင်ကစားနေပြီး နေးရှင်းလိဂ်မှာပြသနေတဲ့ ခြေစွမ်း ကောင်းတွေကြောင့် လီဗာပူးလ်အသင်းကခေါ်ယူဖို့ စောင့်ကြည့်နေတာပဲဖြစ်ပါတယ်…အဆိုပါကစားသမားလေးဟာ ဒေါ့မွန် အသင်းကို ၂၀၂၀ ခုနှစ်ကမှရောက်ရှိလာတာဖြစ်ပြီး ၉၀ ပွဲကစားကာ ၁၀ ဂိုးအထိသွင်းယူပေးထားတဲ့ ကစားသမားကောင်း လေးပဲဖြစ်ပါတယ်…

လီဗာပူးလ်ရဲ့ ယခုနှစ်နွေရာသီကစားသမားအပြောင်းအရွှေ့စာရင်းမှာတော့ ပါဝင်နေပေမယ့် ယခုချိန်ထိစောင့်ကြည့်နေဆဲဖြစ်ပြီး အပြောင်းအရွှေ့ဖြစ်လာမလားဆိုတာကိုတော့ နောက်သတင်းများမှာ ဆက်လက်တင်ပြပေးသွားပေးပါ့မယ်နော်…အားကစားချစ် ပရိသတ်ကြီးတို့အနေနဲ့ရော အဆိုပါကစာသမားလေးကို လီဗာပူးလ်မှာမြင်တွေ့စေချင်လားဆိုတာလေးကို မန့်ပေးခဲ့ပါအုံးနော်…