လူမဝယ်လို့ ဆန္ဒပြတော့မယ့် ပရိသတ်များနှင့် အပြောင်းအရွှေ့ဈေးကွက်မှာ အရှိန်ကောင်းလာတဲ့ မန်ယူ….

ပရီးမီးယားလိဂ်ရဲ့ သမိုင်းကြောင်းတစ်လျှောက် လူထုအားပေးမှုအများဆုံး အသင်းတစ်သင်းအဖြစ်ရပ်တည်နေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နွေရာသီဈေးကွက်မှာ နောက်ကျလွန်းတဲ့ခြေလှမ်းတွေကြောင့် မန်ချက်စတာမြို့ခံများက ဂလေဇာမိသားစု ကို ဆန္ဒပြဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်…..

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ယခုလက်ရှိမှာ ကွင်းလယ် ခံစစ်မှူး ဒီဂျောင်ကို ခေါ်ယူထားပြီဖြစ်ပြီး မနက်ဖြန်မှာ ရောက်ရှိလာတော့မယ်လို့ စပိန် သတင်းမီဒီယာ အချို့ရဲ့ ပြောပြချက်များအရသိရပါတယ်…ထို့အပြင် ခံစစ်နေရာကို အားဖြည့်ဖို့ ဖီရင်နု နောက်ခံလူ မာလာစီရာနှင့် အေဂျက်အသင်းမှ တင်ဘားကိုလက်လျော့လိုက်ရပြီးနောက် နောက်ထပ်ခံစစ်မှူး တစ်ဦးဖြစ်တဲ့ မာတီနက်စ်ကို ခေါ်ယူဖို့လည်းဆွေးနွေးနေပြီပဲဖြစ်ပါတယ်..........မန်ချက်စတာယူနိုက်တက်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ အစမှာ လက်နှေးနေခဲ့ပေမယ့် အပြောင်းအရွှေ့ရာသီ သိမ်းဖို့ နီးလာတာနှင့်အမျှ ခေါ်ယူရန်ပြင်ဆင်ထားတဲ့ ကစားသမား တော်တော် များများကို သဘောတူညီချက်တွေက တော်တော်လေး ကောင်းမွန်နေခဲ့ပြီပဲဖြစ်ပါတယ် ….ညာတောင်ပံအတွက်ကိုလဲ အေဂျက် ကစားသမားလေးအန်တိုနီကို ခေါ်ယူနိုင်ဖို့ လက်တစ်ကမ်း စာသာလိုတော့ပြီး လိုင်ယွန်အသင်းနှင့် သဘောတူညီချက် ရထားပြီဖြစ်တဲ့ ဖီရင်နုနောက်ခံလူကိုလည်း ခေါ်ယူသွားဖို့ နှာတစ်ဖျားသာဖို့ လိုတော့တာဖြစ်ပြီး မာလာစီယာအနေနဲ့လည်း မန်ချက်စတာ ယူနိုက်တက်ကိုပြောင်းရွှေ့ဖို့ လိုင်ယွန်အသင်းကို အသိပေးထားပြီးဖြစ်တယ်လို့ ဆိုထားပါတယ်…..

အဆိုပါနောက်ခံလူနှစ်နေရာစာအတွက် အသင်းမှကစားသမားများကို ရောင်းချဖို့ စီစဉ်ထားတာဖြစ်ပြီး အဆိုပါစာရင်းမှာတော့ ဘိုင်လီနဲ့ ဝမ်ဘစ်ဆာကာတို့က ထိပ်ဆုံးကပါဝင်နေတာပဲဖြစ်ပါတယ်…ကဲမန်ချက်စတာ ပရိသတ်ကြီးတို့ရေ နည်းပြတန်ဟက်လက် ထက်မှာ အသင်းမှကစားသမားတွေကိုလည်း စနစ်တကျကိုင်တွယ်နေပြီး လိုအပ်တဲ့နေရာများကိုလည်း သေချာစီစစ်ပြီး ကစားသမား အပြောင်းအလဲများဖြစ်လာနိုင်ဖွယ်ရှိတာမို့ ယခုရာသီ ပရီးမီးယားလိဂ် မျှော်လင့်ချက်လေးနဲ့ပိုမိုနီးစပ်ဖို့ အကောင်းဆုံး အားပေးလိုက် ကြရအောင်ဗျာ……