ခရိုအေးရှားမြေမှာ သရေတစ်မှတ်စီခွဲယူခဲ့ရတဲ့ ပြင်သစ်သားများ…..

ယမနေ့ညကကျင်းပခဲ့တဲ့ နေရှင်းလိဂ် အုပ်စု (A) ပွဲစဥ်မှာ ခရိုအေးရှားနဲ့ ပြင်သစ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး ယခုနှစ်ခြေစွမ်းကောင်းမွန်နေသော ကစားသမားလေးများကို ထည့်သွင်းလာခဲ့တာကို တွေ့ရပါတယ်.... နှစ်ဖက်လုံးမှထိပ်တန်းကစားသမား အချို့ကို အရံသို့ပို့ပြီး ပွဲထွက်လာခဲ့ကြတာဖြစ်ပါတယ်...ပွဲစဥ်တစ်လျှောက် အကောင်းဆုံးယှဥ်ပြိုင်ကစားခဲ့ကြရာ ပြင်သစ်ဖက်မှ တစ်ဂိုးရရှိခဲ့ပေမဲ့ လူကျွန်နေတာကြောင့် ပထမပိုင်းပြီးဆုံးချိန်အထိ ဂိုးမရှိသရေရလဒ်ကို ပိုင်ဆိုင်ခဲ့ရပါတယ်...

ဒုတိယပိုင်းစတင်ချိန်မှာ နှစ်သင်းစလုံးစီမှ တိုက်စစ်ဆင်မှုတွေနဲ့ ကစားပွဲက ပိုမိုအသက်ဝင်လာပြီး ပွဲကစားချိန် ၆၅ မိနစ်အရောက်မှာတော့ ပြင်သစ်အသင်းမှ ကစားသမား ဘန်ရဲဒါရဲ့ ဖန်တီးပေးပို့မှုကနေတစ်ဆင့် ရာဘီရော့ရဲ့ဘယ်ခြေကန်သွင်းချက်ကို ခရိုအေးရှားတို့ ခွင့်ပြုပေးလိုက်ရတာပဲဖြစ်ပါတယ်....

တစ်ဂိုးရရှိပြီးနောက်မှာတော့ ပြင်သစ် ဖက်မှကစားအား အနည်းငယ်ကျဆင်းလာပြီး ခရိုးအေးရှားတို့ရဲ့ တရစပ် တိုက်စစ်ဆင်မှုတွေအောက်မှာ ရုန်းကန်ခဲ့ကြရတာဖြစ်ပြီး ပွဲကစားချိန် မိနစ် ၈၀ ကျော်လာချိန်မှာတော့ ပြင်သစ်အသင်းမှ လူစားဝင်လာတဲ့ နောက်တန်းကစားသမားလေး ကလော့စ် ရဲ့အမှားကနေ ပင်နယ်တီကိုခွင့်ပြုပေးလိုက်ရပြီး ခရိုးအေးရှားတို့ အိမ်ရှင်တွေအတွက်အဖိုးတန် ဂိုးတစ်ဂိုး ရယူသွားခဲ့တာပဲဖြစ်ပါတယ်.....ပွဲစဥ်ပြီးဆုံးချိန်ထိ အကောင်းမွန်ဆုံးတိုက်စစ်ဆင်မှုတွေကို ပြုလုပ်ခဲ့ကြပေမဲ့ တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ်ဖြင့်သာ ပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်....

ထိုပွဲစဥ်အပြီးမှာတော့ အုပ်စုအလိုက်ရပ်တည်မှုတွင် ပြင်သစ်အသင်းက တတိယနေရာမှာရပ်တည်နေပြီး ခရိုးအေးရှားအသင်းအနေနဲ့ကတော့ အဆင့်လေးနေရာမှာရပ်တည်ခဲ့ရတာပဲဖြစ်ပါတယ်...နောက်အုပ်စုပွဲစဥ်တွေမှာရော ဘယ်အသင်းကအနိုင်ဂိုးတွေသွင်းယူနိုင်ပြီး အုပ်စုကိုကျော်ဖြတ်သွားမယ်ဆိုတာကိုတော့ ပရိသတ်ကြီးတို့အနေနဲ့ရော ခန့်မှန်းချက်လေးတွေ ပြောခဲ့ပေးပါဦးနော်...