စပါးအသင်းဟာ လက်ရှိနွေရာသီမှာ ကစားသမားငါးဦးအထိ ခေါ်ယူထားပြီဖြစ်ပြီး အသင်းပြောင်းချင်နေတဲ့ ဆွန်ဟောင်မင်ကို ဆက်လက်ထိန်းထားနိုင်ခဲ့ပါက စပါးအသင်းအတွက်အတောင့်အတင်းဆုံးလူအင်အားပိုင်ဆိုင်ဖို့များနေပြီပဲဖြစ်ပါတယ်…နောက်ရာသီမှာ စပါးအသင်းရဲ့ ကွင်းလယ်ကို လူးကပ်စ်မိုရာ က ဦးဆောင်ပြီး ခရာကျတဲ့ကစားသမားဖြစ်လာလိမ့်မယ်လို့ အဆိုပါကစားသမားရဲ့ အေးဂျင့်ဖြစ်သူမှပြောဆိုထားတာဖြစ်ပါတယ်….
သူ့ရဲ့ပြောကြားချက်မှာတော့ လက်ရှိနည်းပြကြီး ကွန်တီအနေနဲ့ ခေါ်ယူထားတဲ့ကစားသမား များရောက်ရှိလာဖို့ လူးကပ်စ်မိုရာ အနေနဲ့ တစ်ထောင့်တစ်နေရာကနေ ကြိုးစာပေးနေပြီး အဲဗာတန်အသင်းမှ တိုက်စစ်ကစားသမားလေး ရစ်ချက်လီဆန်ကို ခေါ်ယူဖို့ ညှိနှိုင်းနိုင်အောင်ကိုလည်း မိုရာက ကြံဆောင်ပေးနေတယ်လို့ဆိုလာပါတယ်…..ယခုဆိုရင် နည်းပြကြီးကွန်တီအနေနဲ့ လိုအပ်တဲ့ နေရာတွေအတွက်ကစားသမားများကို အသင့်ခေါ်ဆောင်ပေးထားပြီလို့လဲပြောကြားထားပါတယ်..
နောက်ရာသီမှာ မိုရာရဲ့အေးဂျင့်ပြောကြားထားသလိုပဲ နည်းပြကြီး ကွန်တီခေါ်ယူထားတဲ့ ကစားသမားတွေအနေနဲ့ ပရီးမီးယားလိဂ် ရဲ့ ထိပ်ဆုံးတစ်နေရာကို ခြိမ်းခြောက်သွားနိုင်မလားဆိုတာ စောင့်ကြည့်ရင်း ပရိသတ်ကြီးတို့အနေနဲ့ ပြောချင်တာလေးတွေရှိရင် မန့်ပေးခဲ့ပါဦးနော်…