(၁၀)နှစ်ပြည့်ဝဿန်ရုပ်ရှင်ပွဲတော်ကို “Online Film Festival” အဖြစ် ကျင်းပ


News October 14, 2020 8:55 am

၂၀၂၀ ခုနှစ် ဝဿန်ရုပ်ရှင်ပွဲတော် ၁၀နှစ်ပြည့်ကို အောက်တိုဘာလ ၁၀ရက်နေ့မှ ၁၈ရက်နေ့အထိ အရင်နှစ်တွေနဲ့မတူဘဲ "Online Film Festival" အဖြစ် ကျင်းပလျက်ရှိပါတယ်...

နှစ်စဉ်ရင်ခုန်နေကျရမြဲဖြစ်တဲ့ " Wathann Competition " အစီအစဉ်မှာတော့ ပြည်တွင်းက ရုပ်ရှင်ဖန်တီးသူတွေ ရိုက်ကူးထုတ်လုပ်ထားတဲ့ ဇာတ်လမ်းတိုနဲ့ မှတ်တမ်းရုပ်ရှင်ကားတွေကို ကြည့်ရှုအားပေးနိုင်မှာဖြစ်သလို" Emerging Program " ကဏ္ဍမှာတော့ တက်သစ်စရုပ်ရှင်ဖန်တီးသူတွေရဲ့ လက်ရာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်...

ဒါအပြင် နှစ်စဉ်ပြသမြဲဖြစ်တဲ့ " S- Express " အစီအစဉ်မှာ ပြသမယ့် အရှေ့တောင်အာရှရုပ်ရှင်တွေကိုတော့ " ဓာတ်ရှင်ဧည့်ခန်း" အဖြစ် ပြသနိုင်အောင် စီစဉ်ထားတယ်လို့ သိရပါတယ်...

မြန်မာနိုင်ငံအပါအဝင် မဲခေါင်မြစ်နဲ့ ထိစပ်နေတဲ့ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့က ဒါရိုက်တာတွေ ရိုက်ကူးထားတဲ့ ဇာတ်လမ်းတို ၅ကား ပါဝင်တဲ့ " Mekong 2030 " ရုပ်ရှင်ကားကို အထူးအစီအစဉ် " Special Screening " အဖြစ် ပြသသွားမှာဖြစ်ပြီး လက်ရှိမှာအားလုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ အခြေအနေတွေကို ထင်ဟပ်စေတဲ့ မှတ်တမ်းရုပ်ရှင်နဲ့ ဇာတ်လမ်းတိုတွေကို စုစည်းပြသမယ့် " New Normal Reflection " ဆိုတဲ့ အစီအစဉ်အသစ်ကိုလည်း ထည့်သွင်း ပြသသွားမှာဖြစ်ပါတယ်...

အခုလို ဆယ်နှစ်မြောက် ဝဿန်ရုပ်ရှင်ပွဲတော်ကို လက်ရှိဖြစ်ပျက်နေတဲ့ ကိုဗစ်- ၁၉ကပ်ရောဂါအခြေအနေကြောင့် ဝဿန်ရုပ်ရှင်ပွဲတော်မှာ ပြသမယ့် ရုပ်ရှင်တွေကို ယခင်နှစ်တွေကလို ရုပ်ရှင်ပိတ်ကားထက်မှာ မပြသနိုင်ပေမယ့် www.wffcinema.com မှာ "Online Film Festival" အဖြစ်ကျင်းပလျက်ရှိရာ ရုပ်ရှင်နှစ်သက်တဲ့ ပရိတ်သတ်တွေအနေနဲ့ Facebook Account (သို့) Email နဲ့ Log in ဝင်ပြီး အောက်တိုဘာလ (၁၀) ရက်မှ (၁၈) ရက်နေ့ထိအခမဲ့ ကြည့်ရှုနိုင်ပြီး ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ကြတဲ့ Filmmaker တွေနဲ့ မိတ်ဆက်ခြင်း၊ ပရိသတ်နဲ့ တိုက်ရိုက်အမေးအဖြေ ပြုလုပ်ခြင်းတို့ကိုလည်း တင်ဆက်ပေးလျက်ရှိပါတယ်လို့သိရပါတယ်...

Sourse / Photo ; Internet