မြန်မာနိုင်ငံအတွင်း COVID-19 လူနာအသစ်(၁၂၀)ယောက်ထပ်တိုးလာပြီး သေဆုံးသူ (၁၄)ဦးထိရှိလာ…


Breaking News, News September 10, 2020 11:26 pm

မြန်မာနိုင်ငံမှာ ကိုဗစ်နိုင်တင်းပိုးအတည်ပြုလူနာအသစ် အယောက် (၁၂၀)အထိ ထပ်တိုးတယ်လို့ စက်တင်ဘာလ(၁၀)ရက်နေ့ မနက်(၈)နာရီက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်တာဖြစ်ပြီး ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ဧရာဝတီတိုင်း နဲ့ နေပြည်တော်တို့မှာ ထပ်တိုးခဲ့တာလည်းဖြစ်ပါတယ်...

ဓာတ်ခွဲနမူနာပေါင်း(၂၁၈၉)ခုကို ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ ဆေးသုတေသနဦးစီးဌာန၊ မန္တလေးပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးနဲ့ ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံကြီးတို့မှာ စစ်ဆေးခဲ့ကြတာဖြစ်ပြီး နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီး၊ ထားဝယ်ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြပြည်သူ့ဆေးရုံကြီး ၊ မူဆယ်ပြည်သူ့ဆေးရုံကြီး၊ ဘားအံ ပြည်သူ့ဆေးရုံကြီး၊ ဗန်းမော်ပြည်သူ့ဆေးရုံကြီး နဲ့ မြဝတီပြည်သူ့ဆေးရုံကြီးတို့က ဓာတ်ခွဲနမူနာတွေကိုလည်း စစ်ဆေးခဲ့တာဖြစ်ပါတယ်……

လက်ရှိမှာ မြန်မာနိုင်ငံအတွင်း ပြန်လည်ဖြစ်ပွားနေတဲ့ တစ်ကျော့ပြန်ပြည်တွင်းပိုးကူးစက်မှုဟာ ၁၀ဆမြန်ပြီး ကူးစက်ခံရသူပေါင်း (၂၀၀၀) ကျော် ထိရှိနေတာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး (၂)ကြိမ်ဆက် ပိုးမတွေ့ရသူ (၅၅၃) ယောက်အထိရှိကာ အခြားရောဂါအခံလည်းရှိပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီးမှ သေဆုံးသူဦးရေကလည်း (၁၄)ဦးထိရှိပြီဖြစ်ပြီး သေဆုံးသူ နောက်ထပ် ၂ဦး ထပ်တိုးတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်၈နာရီ သတင်းထုတ်ပြန်ချက်အရ သိရတာပါ။ အခုထပ်တိုးတဲ့ သေဆုံးလူနာ ၂ဦးဟာ ရန်ကုန်ဂေဘာဂီ အထူးကုဆေးရုံနဲ့ သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံတို့မှာ ကူသမှု ခံယူနေသူတွေဖြစ်ပါတယ်...

အခု ထပ်မံသေဆုံးတဲ့ ၂ဦးဟာ ဖောင်ကြီး ဆေးကုသရေးဆောင်မှာ ကိုဗစ်ပိုး ကုသမှုခံယူနေတဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ ၄၅ နှစ် အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ပါတယ်၊ သူတို့နှစ်ဦးလုံးဟာ ဆီးချို၊ သွေးတိုးရောဂါအခံရှိသူတွေဖြစ်ပြီး ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် အသက်ရှုလမ်းကြောင်း ရုတ်တရက်ပျက်စီးကာ သေဆုံးကြတာဖြစ်တယ်လို့ ကျန်မားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်…..

အခုထပ်မံသေဆုံးသူ ၂ဦးဟာ ကိုဗစ်အတည်ပြု လူနာအမှတ် ၁၅၉၀ နဲ့လူနာအမှတ် ၁၄၉၁ တို့ပဲ ဖြစ်ပါတယ်၊ လက်ရှိမှာ မြန်မာနိုင်ငံအတွင်း ကိုဗစ်ကြောင့်သေဆုံးသူဦးရေဟာ ၁၄ ယောက်ထိရှိနေပြီလည်းဖြစ်ပါတယ်

အခုလိုမျိုး ခရီးသွားရာဇဝင်မရှိဘဲ ထိန်းချုပ်ဖို့မလွယ်ကူနိုင်လောက်အောင် ကူးစက်မှုများပြားနေခဲ့တဲ့ ကိုဗစ်ရောဂါပိုးကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၄၅ မြို့နယ်ထဲက ရောဂါပိုးတွေ့ရှိမှုအများဆုံး တောင်ဥက္ကလာ၊ တာမွေ၊ မရမ်းကုန်း၊ ကမာရွတ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ လှိုင်သာယာ၊ စမ်းချောင်း၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွှန့်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ရန်ကင်း၊ ဒဂုံ၊ ကြည့်မြင်တိုင်၊ ကျောက်တံတား၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ အလုံ၊ ဗဟန်း၊ ဒဂုံဆိပ်ကမ်း၊ ဒေါပုံ လမ်းမတော်နဲ့ လှည်းကူး စတဲ့ မြို့နယ် (၂၁)မြို့နယ်ကို နေအိမ်အတွင်းနေထိုင်ရေးအစီအစဉ် (Stay Home) အဖြစ် ဒီအမိန့်ထုတ်လိုက်တာဖြစ်ပါတယ်...

အစိုးရအဖွဲ့အစည်း၊ ကုမ္ပဏီနဲ့ စက်ရုံအလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်နေသူတွေကတော့ ဒီအမိန့်မှာ အကျုံးဝင်မှာ မဟုတ်ဘဲ တာဝန်ထမ်းဆောင်ဖို့ ဆက်သွားလာခွင့်ရှိပါတယ် ဟုကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခဲ့တာလည်း ဖြစ်ပါတယ်၊ ဒီအမိန့်ကို မလိုက်နာရင် တည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်...

Sourse / Photo ; MOHS