မြန်မာနိုင်ငံတွင် COVID-19 ပိုးကူးစက်ခံရသူ လူနာအသစ် (၁,၂၁၂)ဦးထပ်တိုး


News November 13, 2020 8:00 am

မြန်မာနိုင်ငံမှာ Covid-19ပိုးကူးစက်ခံရသူလူနာအသစ် ၁,၂၁၂ ဦးထပ်တိုး မြန်မာနိုင်ငံမှာ Covid-19ကူးစက်ခံရသူ အယောက် ၁၂၀၀ ကျော်ထပ်တိုးတယ်လို့ သိရပါတယ်…
နိုဝင်ဘာလ ၁၁ ရက်နေ့ည ၈နာရီက ကိုဗစ်ပိုးကူးစက်ခံရသူလူနာ ၁,၂၁၂ ယောက် ထပ်တိုးတာကြောင့် စုစုပေါင်း ၆၄,၄၅၃ ယောက် အထိရှိနေပြီ ဖြစ်ပါတယ်...


အခုလို ဓာတ်ခွဲနမူနာပေါင်း(၁၅,၅၃၄)ကို ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ ဆေးသုတေသနဦးစီးဌာန၊ စစ်တွေမြို့ အမှတ် ၁၇ တပ်မတော် ခုတင် ၁၀၀ ဆေးရုံတို့အပါအဝင် ဓာတ်ခွဲမှုဆိုင်ရာဌာနပေါင်း ၁၀ ခုတို့မှာ စစ်ဆေးခဲ့ကြတာပါ...


လက်ရှိချိန်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်ဓါတ်ခွဲနမူနာပေါင်း ၈ သိန်းကျော်ကို စစ်ဆေးခဲ့ပြီးဖြစ်ကာ လက်ရှိချိန်မှာ ပိုးတွေ့ရသူပေါင်း ၆၄,၄၅၃ ယောက်အထိ ရှိနေတာလည်း ဖြစ်ပါတယ်...
နိုဝင်ဘာလ ၁၁ ရက်နေ့ ညပိုင်းထုတ်ပြန်မှုအရ မြန်မာနိုင်ငံအတွင်း ကိုဗစ်ကူးစက်ခံရပြီး အခြားရောဂါအခံလည်းရှိကာ သေဆုံးသူဦးရေကလည်း နောက်ထပ် ၁၉ဦး ထပ်တိုးတာကြောင့် စုစုပေါင်း (၁,၄၈၀) ယောက် အထိရှိပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး (၂)ကြိမ်ဆက် ပိုးမတွေ့ရသူကလည်း (၄၈,၅၃၂)ယောက် အထိရှိပါတယ်...


လက်ရှိမှာဆိုရင် ကိုဗစ် ဓာတ်ခွဲနမူနာတွေကို Test Kitတွေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဆေးရုံကြီးများနှင့် မြို့နယ်များမှာလည်း စစ်ဆေးလျက်ရှိပြီး လတ်တလောအနံ့မရရှိသူများလည်း ပါဝင်တယ်လို့ သိရပါတယ်...

Sourse / Photo ; MOHS