မြန်မာနိုင်ငံတွင် COVID-19 ပိုးကူးစက်ခံရသူ လူနာအသစ် (၁,၃၄၂) ဦးထပ်တိုး


News November 8, 2020 8:28 am

မြန်မာနိုင်ငံမှာ Covid-19ကူးစက်ခံရသူ အယောက် ၁,၄၀၀ နီးပါး ထပ်တိုးတယ်လို့ သိရပါတယ်...
နိုဝင်ဘာလ ၆ ရက်နေ့ည ၈နာရီက ကိုဗစ်ပိုးကူးစက်ခံရသူလူနာ ၁,၃၄၂ ယောက် ထပ်တိုးတာကြောင့် စုစုပေါင်း ၅၉,၂၇၇ အထိရှိနေပြီ ဖြစ်ပါတယ်...


ဓာတ်ခွဲနမူနာပေါင်း (၁၄,၄၄၉)ခုကို ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ ဆေးသုတေသန ဦးစီးမှု ဌာန၊ မန္တလေး ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန နဲ့ မော်လမြိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့အပါအဝင် ဓာတ်ခွဲမှုဆိုင်ရာဌာနပေါင်း ၁၁ ခုတို့မှာ စစ်ဆေးခဲ့ကြတာပါ...


လက်ရှိချိန်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်ဓါတ်ခွဲနမူနာပေါင်း ၇ သိန်း ၆ သောင်း ကျော်ကို စစ်ဆေးခဲ့ပြီးဖြစ်ကာ လက်ရှိချိန်မှာ ပိုးတွေ့ရသူပေါင်း ၅၉,၂၇၇ အထိ ရှိနေတာလည်း ဖြစ်ပါတယ်...
နိုဝင်ဘာလ ၆ ရက်နေ့ ညပိုင်းထုတ်ပြန်မှုအရ မြန်မာနိုင်ငံအတွင်း ကိုဗစ်ကူးစက်ခံရပြီး အခြားရောဂါအခံလည်းရှိကာ သေဆုံးသူဦးရေကလည်း နောက်ထပ် ၂၄ ဦး ထပ်တိုးတာကြောင့် စုစုပေါင်း (၁,၃၇၆) ယောက် အထိရှိပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး (၂)ကြိမ်ဆက် ပိုးမတွေ့ရသူကလည်း (၄၃,၂၇၇)ယောက် အထိရှိပါတယ်...


လက်ရှိမှာဆိုရင် ကိုဗစ် ဓာတ်ခွဲနမူနာတွေကို Test Kitတွေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဆေးရုံကြီးများနှင့် မြို့နယ်များမှာလည်း စစ်ဆေးလျက်ရှိပြီး လတ်တလောအနံ့မရရှိသူများလည်း ပါဝင်တယ်လို့ သိရပါတယ်...

Sourse / Photo ; MOHS