ပြည်ပနိုင်ငံများရောက် မြန်မာသင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ခဲ့


News November 9, 2020 12:00 pm

နိုင်ငံတကာ ခရီးသည်တင်လေယာဉ်တွေ ပျံသန်းမှု ယာယီရပ်ဆိုင်း ထားတာကြောင့် အီဂျစ်နိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာ သင်္ဘောသား (၁၄၀) ဦးကို ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့သိရပါတယ်... မြန်မာသံရုံး၊ ကိုင်ရိုမြို့နဲ့ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်တဲ့ မြန်မာ အမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့တာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်...


ဒါ့အပြင် ကိုးရီးယားသမ္မတနိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာ သင်္ဘောသား (၁၃၆) ဦးကိုလည်း (MAI) ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည် ခေါ်ဆောင်ခဲ့ပါတယ်...


အဆိုပါပြည်ပနိုင်ငံကနေပြန်လည်ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိချိန်မှာ လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနဲ့ သီးသန့်စီစဉ်ပေးတဲ့နေရာ /သတ်မှတ် ဟိုတယ်တွေမှာ အသွားအလာ ကန့်သတ်မှု (၇)ရက်နဲ့ နေအိမ်မှာ အသွားအလာ ကန့်သတ်မှု (၇) ရက် နေထိုင်စေရေးတွေကို အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းအစိုးရတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်...


ပြည်ပနိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာသင်္ဘောသာတွေကို ပြန်လည် ခေါ်ဆောင်ဖို့ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်နဲ့အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ ၊ သက်ဆိုင်ရာနိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိတယ်လို့လည်း သိရပါတယ်...

Sourse / Photo ; MOFAM