အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးသွားသောအာမခံအလုပ်သမားအတွက် ကျန်ရစ်သူမိသားစုအား လူမှုဖူလုံရေးဥပဒေနှင့်အညီအကျိုးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနားကျင်းပ


News January 9, 2021 8:30 am

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ကြံခင်းမြို့မြို့နယ်လူမှုဖူလုံရေးရုံးမှာ မှတ်တ်ပုံတင်ထားတဲ့ မြန်မာ့သစ်လုပ်ငန်း(သစ်ထုတ်ရေးဌာန)မှအလုပ်ခွင်ထိခိုက်မှုကြောင့်သေဆုံးသွားတဲ့ အာမခံအလုပ်သမားအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်အား၂၀၁၂-ခုနှစ်လူမှုဖူလုံရေးဥပဒေနှင့်အ ညီအကျိုးခံစားခွင့်ထုတ်ပေးခြင်း အခမ်းအနားကို ဇန်နဝါရီလ. ၆ ရက်နေ့ မနက်(၁၀)နာရီကကြံခင်းမြို့၊မြန်မာ့သစ်လုပ်ငန်း(သစ်ထုတ်ရေးဌာန)အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်...


ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထွန်းလင်းမော်မှလူမှုဖူလုံရေးစီမံကိန်းသိကောင်းစရာများအားလည်းကောင်း၊(One For All - All For One)စုပေါင်းခြင်းဖြင့်ဖူလုံအံ့ အချက်အားရှင်းလင်းပြောကြားပြီး၊မြို့နယ်လူမှုဖူလုံရေးဦးစီးအရာရှိဒေါ်ဖြိုးဖြိုးနိုင်မှ၂၀၁၂ ခုနှစ်လူမှုဖူလုံရေးဥပဒေအရခံစားရရှိနိုင်မယ့် ငွေကြေးအကျိုးခံစားခွင့်များအကြောင်းအားရှင်းလင်းပြောကြားခဲ့ပါတယ်...


ဆက်လက်ပြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထွန်းလင်းမော်က မြို့နယ်လူမှုဖူလုံရေးအကျုံးဝင်မှတ်ပုံတင်ထားတဲ့ မြန်မာ့သစ်လုပ်ငန်း(သစ်ထုတ်ရေးဌာန)မှလုပ်ငန်းခွင်မှာ ခိုက်မှုကြောင့်သေဆုံးသွားတဲ့ အာမခံအလုပ်သမား(ဦးရဲဝင်းထွဋ်)ရဲ့ဇနီးဒေါ်မိုးဆွေအား ကျန်ရစ်သူငွေကြေးအကျိုးခံစားခွင့်ငွေကျပ်သိန်း(၉၀)တိတိပေးအပ်ခဲ့အပ်ခဲ့ပြီး၊ ယခင်နာရေးစရိတ်အဖြစ်၂၀၂၀ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့မှာ ငွေကျပ်(၉) သိန်း ကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်...


ပြီးနောက်မှာတော့ဟင်္သာတခရိုင်(သစ်ထုတ်ရေးဌာန)မန်နေဂျာဦးအောင်ကျော်မျိုးကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကိုတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာထွန်းလင်းမော်၊မြို့နယ်လူမှုဖူလုံရေးဦးစီးအရာရှိဒေါ်ဖြိုးဖြိုးနိုင်၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာနဦးစီးအရာရှိဒေါ်မေလိခမျိုး၊မြန်မာ့သစ်လုပ်ငန်း(သစ်ထုတ်ရေးဌာန)ခရိုင်မန်နေဂျာဦးအောင်ကျော်မျိုးနှင့်တာဝန်ရှိသူများတတ်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်...

Sourse / Photo ; Moe Moe