မြန်မာနိုင်ငံအတွင်း COVID-19 လူနာအသစ်(၉၈)ယောက်ထပ်တိုးလာပြီး သေဆုံးသူ (၁၂)ဦးထိရှိလာ…


Breaking News, News September 9, 2020 7:20 pm

မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးအတည်ပြုလူနာအသစ် (၉၈)ယောက်အထိ ထပ်တိုးလာတဲ့အပြင်ကိုဗစ်ကူးစက်ခံရပြီး သေဆုံးသူ နောက်ထပ်(၂)ဦး ထပ်တိုးကာ သေဆုံးသူ(၁၂)ဦးထိရှိလာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်…


ဒီသတင်းကို စက်တင်ဘာလ(၉)ရက်နေ့ မနက်(၈)နာရီက ထုတ်ပြန်လိုက်တာဖြစ်ပြီး၊လူနာအသစ် (၉၈)ယောက် ကတော့ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ နေပြည်တော်မြို့တွေမှာ ထပ်တိုးခဲ့တာလည်းဖြစ်ပါတယ်…
ထပ်တိုးတဲ့ သေဆုံးလူနာ (၂)ဦးဟာ ရန်ကုန်ဂေဘာဂီ အထူးကုဆေးရုံနဲ့ သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံတို့မှာ ကူသမှု ခံယူနေသူတွေဖြစ်ပါတယ်…
ဝေဘာဂီဆေးရုံမှာ ကိုဗစ်တက်ရောက်ကုသနေတဲ့ အသက် ၅၂နှစ်အရွယ် အမျိုးသား လူနာအမှတ် (၈၈၅)ကတော့ ရုတ်တရက် နှလုံးရပ်ပြီး ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် အသက်ရှုလမ်းကြောင်း ရုတ်တရက်ပျက်စီးကာ စက်တင်ဘာလ ၉ ရက် မနက် ၃နာရီ မိနစ် ၃၀ မှာ သေဆုံးခဲ့တာဖြစ်ပါတယ်…


ဒါပေမယ့်လည်း သင်္ဃန်းကျွန်း ပြည်သူ့ ဆေးရုံမှာ ကိုဗစ်တက်ရောက်ကုသနေတဲ့ အသက် ၅၇ နှစ်အရွယ် အမျိုးသမီး လူနာအမှတ် (၁၆၉၂)ကတော့ ပြီးခဲ့တဲ့ (၇)ရက်နေ့က သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်…
ဓာတ်ခွဲနမူနာပေါင်း(၃၃၁၇)ခုကို ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ ဆေးသုတေသနဦးစီးဌာန၊ မန္တလေးပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးနဲ့ ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံကြီးတို့မှာ စစ်ဆေးခဲ့ကြပါတယ်… ဒါအပြင် ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀၀)၊ လွိုင်ကော်မြို့ပြည်သူ့ဆေးရုံကြီး၊ အမှတ်(၁)တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀)၊ အမှတ်(၂)တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀)နဲ့ နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀၀)တို့အပါအဝင် ဓာတ်ခွဲနမူတွေ စစ်ဆေးတဲ့ဌာန ၁၃ခုမှာ စစ်ဆေးခဲ့တာဖြစ်ပါတယ်…


လက်ရှိမှာ မြန်မာနိုင်ငံအတွင်းပြည်တွင်းပိုး ကူးစက်မှုတွေတစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားနေတာဖြစ်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်အရကူးစက်ခံရသူပေါင်း (၁၈၀၇)ဦး အထိရှိနေတာဖြစ်ပါတယ်…
ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး (၂)ကြိမ်ဆက် ပိုးမတွေ့ရသူ အယောက် (၄၆၀)အထိရှိကာ အခြားရောဂါအခံလည်းရှိပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီးမှ သေဆုံးသူဦးရေကလည်း (၁၂)ဦးထိရှိပြီဖြစ်ပါတယ်…

Sourse / Photo ; MOHS