COVID-19 အတည်ပြုလူနာအသစ် (၉၂) ယောက်ထပ်တိုးခဲ့……..


Breaking News, News September 8, 2020 5:50 pm

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုးအတည်ပြုလူနာအသစ် (၉၂) ယောက်ကို စက်တင်ဘာလ(၈)ရက်နေ့မနက် (၈) နာရီမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်...

ဓာတ်ခွဲနမူနာပေါင်း (၂၆၉၇)ခုကို ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ ဆေးသုတေသနဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးနဲ့ ကျောက်ဖြူမြို့  ပြည်သူ့ဆေးရုံကြီးတို့မှာ စစ်ဆေးခဲ့ကြတာဖြစ်ပြီး ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀၀)၊ လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီး၊ အမှတ်(၁)တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀)၊ အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀)နဲ့ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀၀)တို့အပါအဝင် ဓာတ်ခွဲနမူနာတွေစစ်ဆေးတဲ့ဌာန (၁၃) ခုမှာ စစ်ဆေးခဲ့တာဖြစ်ပါတယ်…

လက်ရှိမှာမြန်မာနိုင်ငံအတွင်း ပြည်တွင်းပိုးကူးစက်မှုတွေတစ်ကျော့ပြန်ပြန်လည်ဖြစ်ပွားနေတာဖြစ်ပြီး ကူးစက်ခံရသူပေါင်း (၁၆၁၀) အထိရှိနေတာလည်းဖြစ်ပါတယ်၊ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး (၂) ကြိမ်ဆက် ပိုးမတွေ့ရသူ (၃၈၈)ယောက်အထိရှိကာ အခြားရောဂါအခံလည်းရှိပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီးမှ သေဆုံးသူဦးရေကလည်း (၈)ဦးထိရှိပြီဖြစ်ပါတယ်…

ကိုဗစ်ရဲ့ ဒုတိယအကြိမ် ရိုက်ခတ်မှုလှိုင်းကို အများဆုံးခံနေခဲ့ရတာကတော့ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းရဲ့ မြို့နယ် (၇) ခုတို့က ခံနေရတာဖြစ်ပြီး နိုင်ငံခြားပြန်များမှ ကူးစက်တာမျိုးမှာ ရှားပါးလာခဲ့ပြီး ပြည်တွင်းကူးစက်မှုအဖြစ် လူနာများနှင့်ထိတွေ့မှုမရှိဘဲ ကူးစက်မှုနှုန်းအနေနဲ့ကလည်း အရင်ထက် (၄)ဆလောက် မြင့်တက်လာခဲ့ပြီး ပိုမိုဆိုးရွားလာစေခဲ့တာလည်း ဖြစ်ပါတယ်…

ပြည်သူများအနေနဲ့ကလည်း ပေါ့ဆမနေသင့်ဘဲ ကျန်းမာရေးကို အစဉ်တစိုက်ဂရုစိုက်နေသင့်တာ ဖြစ်ပြီး ခရီးသွားရာဇဝင်နဲ့ ထိတွေ့မှုရှိပါက အမြန်ဆုံးဆက်သွယ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေကို ခံယူသင့်တာလည်း ဖြစ်ပါတယ်…