ကရင်ပြည်နယ်အတွင်းရှိ ဒေသသုံးခုတွင် သဘာဝအခြေခံခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော်ရန် စီစဉ်


News January 9, 2021 12:30 pm

ကရင်ပြည်နယ်အတွင်းရှိ ကော့ကရိတ်၊ မြဝတီ သံတောင်ကြီးဒေသတို့၌ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရပါတယ်...


သဘာဝအခြေခံခရီးသွားလုပ်ငန်းတွေ ဖော်ဆောင်မယ့် ဒေသသုံးခုမှာ ကော့ကရိတ်မြို့နယ်၊ လိပ်ကော်တောင်၊ ကြိုးပြင်ကာကွယ်တော၊ အကွက်အမှတ်(၁၂)ရှိ မြေဧရိယာ ၉၅ ဧကမှာ သဘာဝ ရေတံခွန်ကိုအခြေခံပြီး စိမ့်စမ်း၊ တောတောင်ဂေဟ စနစ်မပျက်စီးစေဘဲ သဘာဝအခြေခံခရီး သွားလုပ်ငန်း ဖော်ဆောင်မှာလည်း ဖြစ်တယ်လို့ သိရပါတယ်...

ဒါ့အပြင် မြဝတီမြို့နယ် မဲကနယ်ကြိုးဝိုင်း အနီး ဒေသခံပြည်သူ အစုအဖွဲ့သစ်တော (သဘာဝထိန်းသိမ်းရေး) ၂၈၆ ဒသမ ၃ ဧကကို သဘာဝအခြေခံခရီးသွားလုပ်ငန်း အဖြစ် အကောင်အထည်ဖော်မှာဖြစ်ပြီး အလားတူ သံတောင်ကြီးမြို့နယ်ရှိ မြေ ၂၆ ဒသမ ၄၅ ဧကပေါ်မှာ သဘာဝအခြေခံခရီးသွားလုပ်ငန်း အကောင်အထည်ဖော်မှာဖြစ်တယ်လို့လည်း သိရပါတယ်...


COVID-19 ရောဂါကာလအလွန်မှာ ခရီးသွားလုပ်ငန်းတွေ ပြန်လည်ကောင်းမွန် လာဖို့အတွက် အသင့်အနေအထားဖြစ်အောင် ဖော်ဆောင်ဖို့ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်...

အဆိုပါခရီးသွားလုပ်ငန်းတွေ ဖော်ဆောင်နိုင်ပါက ဒေသခံပြည်သူတွေအတွက် အကျိုးရှိစေမယ့်အပြင် ယင်းလုပ်ငန်းတွေကနေ နိုင်ငံအတွက် ဝင်ငွေတိုးပွား လာစေမှာဖြစ်တယ်လို့လည်း သိရပါတယ်...

Sourse / Photo ; MOHT