မြန်မာနိုင်ငံတွင် ဇန်နဝါရီလ(၇)ရက်နေ့က COVID-19 ပိုးကူးစက်ခံရသူ (ဝ.၄) ရာခိုင်နှုန်း လျော့ကျ


News January 9, 2021 8:00 am

မြန်မာနိုင်ငံမှာ ဇန်နဝါရီလ ၇ ရက်နေ့က Covid-19ကူးစက်ခံရသူ အယောက် ဝ.၄ ရာခိုင်နှုန်း လျော့ကျသွားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်...

ဇန်နဝါရီလ ၇ ရက်နေ့ည ၈နာရီက ကိုဗစ်ပိုးကူးစက်ခံရသူလူနာ ၅၉၄ ယောက် ထပ်တိုးကာ စုစုပေါင်း ၁၂၈,၇၇၂ ယောက်အထိ ရှိနေတာဖြစ်ပါတယ်...


ဇန်နဝါရီလ ၇ ရက်နေ့အတွက် ဓာတ်ခွဲနမူနာပေါင်း(၁၈,၉၅၃ ) ခုကို ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနဲ့ ဆေးသုတေသနဦးစီးဌာနအပါအဝင် ဓာတ်ခွဲမှုဆိုင်ရာဌာနပေါင်း (၁၁) ခုတို့မှာ စစ်ဆေးခဲ့ကြတာပါ...
လက်ရှိချိန်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်ဓါတ်ခွဲနမူနာပေါင်း (၁၉)သိန်း (၄)သောင်းကျော်ကို စစ်ဆေးခဲ့ပြီးဖြစ်ကာ လက်ရှိချိန်မှာ ပိုးတွေ့ရသူပေါင်း ၁၂၈,၇၇၂ ယောက် အထိ ရှိနေတာလည်း ဖြစ်ပါတယ်...


ဇန်နဝါရီလ ၇ ရက်နေ့ည ၈နာရီ မြန်မာနိုင်ငံအတွင်း ကိုဗစ်ကူးစက်ခံရပြီး နှလုံး၊ သွေးတိုး၊ ဆီးချိုနဲ့ အခြားရောဂါအခံလည်းရှိကာ သေဆုံးသူဦးရေကလည်း နောက်ထပ် ၁၄ ဦး ထပ်တိုးတာကြောင့် စုစုပေါင်း (၂,၇၉၉) ယောက် အထိရှိပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး (၂)ကြိမ်ဆက် ပိုးမတွေ့ရသူကလည်း (၁၁၂, ၀၄၈) ယောက် အထိရှိတယ်လို့သိရပါတယ်...

Sourse / Photo ; MOHS