ဂျပန်နိုင်ငံတွင် အိုလံပစ်ပြိုင်ပွဲကို ရွေ့ဆိုင်းမည်မဟုတ်ကြောင်း ကြေညာခဲ့…..


Breaking News, News September 10, 2020 11:30 pm

ကိုဗစ်ဟာတရိပ်ရိပ်တိုးတက်နေခဲ့ပေမယ့် ဂျပန်အစိုးရအနေနဲ့ကတော့ သာမန်အဖျားမျိုးသာ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာပြီး ပြည်သူများကိုပုံမှန်ဆက်လက် လှုပ်ရှားနေစေခဲ့ပြီလည်း ဖြစ်ပါတယ်၊ ဒါတင်သာမက အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ IOC ကလည်း လာမယ့်နှစ်မှာကျင်းပမယ့် တိုကျိုအိုလံပစ် ပြိုင်ပွဲကို နောက်ထပ်တစ်ကြိမ် ထပ်မံရွှေ့ဆိုင်းတော့မှာမဟုတ်ဘူးလို့ သတင်းထုတ်ပြန်လိုက်ပါတယ်၊ IOC ရဲ့ ဒုတိယဥက္ကဌ ဖြစ်သူ ဂျွန်ကော်တက်စ်က ပြိုင်ပွဲကို COVID-19 ‌ေရာဂါ အခြေအနေအပေါ် မူတည်ပြီး အပြောင်းအလဲလုပ်မှာမဟုတ်ဘဲ သတ်မှတ်ရက်အတိုင်း ကျင်းပမယ်လို့ပြောကြားခဲ့ပြန်ပါတယ်…..

၂၀၂၀ အိုလံပစ် ပြိုင်ပွဲကို ဂျပန် နိုင်ငံ တိုကျိုမြို့မှာ ယခုနှစ် ဇူလိုင်လအတွင်း ကျင်းပရမှာဖြစ်ပေမယ့် COVID-19 ကြောင့် လာမယ့် ၂၀၂၁ ခုနှစ်မှသာကျင်းပဖို့ ရွှေ့ဆိုင်းထားခဲ့ရတာပြီး အိုလံပစ် ပြိုင်ပွဲတွေ အနေနဲ့ မူလ သတ်မှတ်ထားတဲ့အတိုင်း လာမယ့် ၂၀၂၁ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှာစတင်မယ်လို့ IOC က အတည်ပြု ထုတ်ပြန်ထားပါတယ်၊ ဂျပန်နိုင်ငံတွင်း ပြိုင်ပွဲကော်မတီကတော့ အိုလံပစ်ပြိုင်ပွဲကို သက်ဆိုင်ရာ အားကစားကွင်း အတွင်း ပရိသတ်အကန့်သတ်နဲ့ ကျင်းပမယ် ဆိုရင် ဖြစ်နိုင်ချေများတယ်လို့ ယုံကြည်နေခဲ့ကြတာလည်း ဖြစ်ပါတယ်...

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ IOC ကတော့ လာမယ့်အိုလံပစ်ပြိုင်ပွဲကို ၂၀၂၁ ခုနှစ်ထက်ပိုပြီး ရွှေ့ဆိုင်းဖို့ မဖြစ်နိုင်တော့ကြောင်း ထုတ်ပြန်ခဲ့တာဖြစ်ပြီး IOC အနေနဲ့ကလည်း "ဒီဂိမ်းဟာသူတို့ရဲ့အဓိကအကြောင်းအရာဖြစ်မယ်၊ ဆူနာမီဘေးအန္တရာယ်ကျရောက်ပြီးနောက်ပြန်လည်တည်ဆောက်ရေးအားကစားပြိုင်ပွဲ" ဖြစ်မယ်လို့ Mr Coates ကအေအက်ဖ်ပီကို ၂၀၁၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဂျပန်ငလျင်နှင့် ဆူနာမီကို ရည်ညွှန်းပြီး ပြောကြားခဲ့ပါသေးတယ်…

ဇူလိုင်လတွင် တိုကျို ၂၀၂၀ အမှုဆောင်အရာရှိချုပ် Toshiro Muto က အားကစားပွဲများကို ပရိသတ်အကန့်အသတ်ဖြင့်သာ ကျင်းပနိုင်မည် ဖြစ်ကြောင်းပြောကြားခဲ့ပြီး ပရိသတ်များအနေနဲ့ကတော့ လုံးဝ ကြည့်ရှုခြင်းကို ရှောင်ရှားလိုကြောင်း ထပ်မံ ဖြည့်စွက် ပြောကြားခဲ့ပါတယ်...

Sourse / Photo ; Internet