ကမ္ဘာ့ အဆင့် (၁) ဂေါက်သီးရိုက် အားကစားသမားအဖြစ် ဂျက်စတင်သောမတ်စ် ရွှေးချယ်ခံရ


Breaking News, News September 10, 2020 12:45 am

အမေရိကန် ဂေါက်သီးရိုက် ကစားသမား ဖြစ်သူ ဂျက်စတင်သောမတ်စ်ဟာ PGA တစ်နှစ်တာ အကောင်းဆုံး အားကစားသမား အဖြစ် ရွေးချယ်ခံရတယ်လို့ သိရပါတယ်...
အခုလို ရွေးချယ်ခံရတာဟာ ဒီကစားသမား အတွက် သူ့ရဲ့ ပရော်ဖက်ရှင်နယ် ဘ၀ တစ်လျှောက်မှာ ဒုတိယ အကြိမ်မြောက် ဖြစ်ပါတယ်...

ဂျက်စတင် သောမတ်စ်ဟာ ဒီရာသီရဲ့ အဓိက ပြိုင်ပွဲ ၃ ခုမှာ ဗိုလ်စွဲထားခဲ့ပြီး တစ်နှစ်တာ အကောင်းဆုံး အတွက် အဓိက ပြိုင်ဘက် ဖြစ်သူ စပိန်နိုင်ငံသား ဂျွန်ရမ်းကို ကျော်ပြီး ရွေးချယ်ခံရတာပါ...
PGA ကစားသမား အဆင့် ရပ်တည်မှုဟာ သူဟာ ရမှတ်နဲ့ အသာရပြီး အခုလို တစ်နှစ်တာ အကောင်းဆုံး ကစားသမား အဖြစ် ရွေးချယ်ခံရတာ ဖြစ်ပါတယ်...

အဓိက ပြိုင်ပွဲကြီး ၃ ခုမှာ ဗိုလ်စွဲခဲ့တဲ့ ဂျက်စတင် သောမတ်စ်ဟာ ၂၀၁၈ ခုနှစ် နောက်ပိုင်း လက်ရှိ ကမ္ဘာ့ အဆင့် (၁) နေရာကို ပထမဆုံး အကြိမ် တက်လှမ်းထားသူ တစ်ဦးပါ။

ကစားသမား အဆင့် ရပ်တည်မှုမှာတော့ ဂျက်စတင် သောမတ်စ်က စုစုပေါင်း ရမှတ် ၆၆ မှတ် အထိ ရရှိထားပြီး ဒုတိယနေရာက ဂျွန်ရမ်းကတော့ ၅၆ မှတ်သာ ရထားတယ်လို့ သိရပါတယ်...

Sourse / Photo ; Internet