ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်


News October 16, 2020 12:00 pm

ကိုဗစ်ကာလအတွင်း ပြည်ပနိုင်ငံတွေမှာ အခက်အခဲ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား (၁၀၇)ဦး ကို ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်...
ပြည်ပနိုင်ငံတွေဖြစ်တဲ့ ကနေဒါ ၊ ဂျာမနီ၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ အီတလီ၊ ကိုရီးယားသမ္မတနိုင်ငံ၊ နော်ဝေ၊ ရုရှား၊ သီရိလင်္ကာ၊ နဲ့ အမေရိကန်တို့မှ မြန်မာနိုင်ငံသား စုစုပေါင်း (၁၀၇) ဦး တို့ကို ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ အောက်တိုဘာလ ၁၄ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်...


ပြည်ပနိုင်ငံကနေပြန်လည်ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိချိန်မှာ လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနဲ့ သီးသန့်စီစဉ်ပေးတဲ့နေရာ / သတ်မှတ် ဟိုတယ်တွေမှာ အသွားအလာ ကန့်သတ်မှု (၇)ရက်နဲ့ နေအိမ်မှာ အသွားအလာ ကန့်သတ်မှု (၇) ရက် နေထိုင်စေရေးတွေကို အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းအစိုးရတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်...


မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားပြီးတည်းက နိုင်ငံတကာခရီးသည်တင်လေယာဉ်တွေ ပြေးဆွဲခွင့်ကို ယာယီရပ်နားထားတာကြောင့် မြန်မာအစိုးရက ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ပြီးခဲ့တဲ့ ဧပြီလကတည်းက အခုချိန်ထိပြန်လည်ခေါ်ဆောင်ပေးနေခဲ့တာဖြစ်ပါတယ်...


ပြည်ပနိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည် ခေါ်ဆောင်ဖို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့လမ်းညွှန်ချက်နဲ့အညီ နိုင်ငံခြားရေးဝန်ကြီးဌနက သက်ဆိုင်ရာဝန်ကြီးဌာနတွေ သက်ဆိုင်ရာ နိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးတွေနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိတယ်လို့လည်း သိရပါတယ်...

Sourse / Photo ; MOFAM