ရွေးကောက်ပွဲတွင် COVID -19 ထိန်းချုပ်ရေးလမ်းညွှန်များနှင့်အညီ ဆောင်ရွက်ရေးအား အတိုင်ပင်ခံပုဂ္ဂိုလ်က လှည့်လည်ကြည့်ရှု


News October 15, 2020 12:00 pm

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကအထွေထွေ ရွေးကောက်ပွဲမှာ COVID-19 ရာဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း လမ်းညွှန်တွေနဲ့အညီ ဆောင်ရွက်နိုင်ရေးအတွက် ဒုတိယအကြိမ် ကြိုတင်ပြင်ဆင် မဲပေးတဲ့အစီအစဉ် သရုပ်ပြသခြင်းကို လှည့်လည်ကြည့်ရှု့ခဲ့တယ်လို့ သိရပါတယ်…..


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ပထမအကြိမ် မဲပေးတဲ့အစီအစဉ် လက်တွေ့သရုပ်ပြသခြင်းမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်မှုတွေနဲ့အညီ ပြန်လည်ပြင်ဆင်ပြီး ဒုတိယအကြိမ် ထပ်မံဆောင်ရွက်မယ့် အစီအစဉ်၊ မဲရုံအပြင်ဘက်ပိုင်း ဆောင်ရွက်မှုများအနေဖြင့် မူလတာဝန်ကျဝန်ထမ်း ၃ ဦးအပြင် ကိုယ်အပူချိန် တိုင်းတာသည့် ဝန်ထမ်း၊ Mask နှင့် Sanitizer Spray ဖြန်းမည့် ဝန်ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက်မည့် Volunteer ၂ ဦး ထပ်မံအားဖြည့်ပြီးဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှုတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်….


ဒါ့အပြင်ကိုယ်အပူချိန် တိုင်းတာခြင်းကို ဦးစွာဆောင်ရွက်ရန်၊ N95 Mask တွ ဖြန့်ဝေပေးသွားဖို့နှင့် အယ်လ်ကိုဟော ၈၅ ရာခိုင်နှုန်း ပါဝင်တဲ့ လက်သန့်ဆေးရည်တွေ အသုံးပြုသွားဖို့ စီစဉ်ထားရှိမှု အခြေအနေတွေနဲ့ မဲရုံအတွင်းပိုင်း ဆောင်ရွက်မှုအနေနဲ့ မဲရုံဝန်ထမ်းတွေအတွက် မူလဖြန့်ဝေပေးထားတဲ့လက်အိတ်တွေအစား Surgical Glove များ ပြောင်းလဲဖြန့်ဝေ ပေးထားမှုတွေကိုလည်း ရှင်းလင်းတင်ပြခဲ့ပါတယ်…..


လက်ရှိ စာရင်းတွေအရ နေပြည်တော် ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၈၅,၅၁၃ ဦး၊ ဒက္ခိဏသီရိမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၂၇,၇၈၆ ဦး၊ ပျဉ်းမနားမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၁၃၂,၄၅၇ ဦး၊ လယ်ဝေးမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၂၁၇,၆၂၀ ဦး၊ ဇေယျာသီရိ မြို့နယ်မှာ မဲပေးခွင့်ရှိသူ ၇၉,၀၂၉ ဦး၊ တပ်ကုန်းမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၁၇၈,၈၄၄ ဦး၊ ပုဗ္ဗသီရိမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၉၂,၈၆၉ ဦးနှင့် ဥတ္တရသီရိမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၅၂,၄၆၉ ဦး ရှိတယ်လို့ သိရပါတယ်….

Sourse / Photo ; MOHS