နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဆုချီးမြှင့်


News November 9, 2020 8:00 am

၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှာ ပညာသင်ကြားလျက်ရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့မှ ဝန်ထမ်းတွေရဲ့ သား/သမီးတွေကို နိုဝင်ဘာလ ၆ရက်နေ့က ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခဲ့တယ်လို့သိရပါတယ်...

ဒါ့အပြင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ထူးချွန်စွာ အောင်မြင်ခဲ့သူတွေကိုလည်း ဆုချီးမြှင့်ခဲ့ပါသေးတယ်...


အဆိုပါအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ် ဝင်တန်းစာမေးပွဲမှာ ထူးချွန်စွာ အောင်မြင်ခဲ့တဲ့ (၄) ဘာသာ ဂုဏ်ထူးရှင်နဲ့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဉီးစီးဌာနက ကြီးမှူးကျင်းပတဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အခြေခံပညာမူလတန်း ကျောင်းသား/သူတွေ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲမှာ Grade–5 အတွက် တိုင်းအဆင့်မှာပထမဆုရရှိသူတွေကို ဆုချီးမြှင့်ပေးအပ်ခဲ့ပါတယ်...


ဒါ့အပြင် အမြဲတမ်းအတွင်းဝန်နဲ့ ညွှန်ကြားရေးမှူးချုပ် တို့က ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှာ အခြေခံပညာမူလတန်းအဆင့်ကနေ တက္ကသိုလ်အဆင့်အထိ တက်ရောက် ပညာသင်ကြားလျက်ရှိတဲ့ ကျောင်းသား/သူတွေနဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲမှာ (၁) ဘာသာ ဂုဏ်ထူးရှင် (၄) ဉီး၊ ရိုးရိုးအောင်မြင်သူ (၅) ဉီး စုစုပေါင်း (၂၁၉) ဉီးတို့ အတွက် ပညာသင်ထောက်ပံ့ကြေးနဲ့ သင်ထောက်ကူပစ္စည်း စုစုပေါင်း (ကျပ် ကိုးဆယ့် ငါးသိန်းငါးထောင့်ကိုးရာတိတိ) ကို ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်...

Sourse / Photo ; MOFAM