အင်္ဂလန်နိုင်ငံတွင် အသွင်ပြောင်းနေသည့် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်တာတွေများနေသည့်အတွက် ဖေဖော်ဝါရီလလယ်အထိ အသွားအလာကန့်သတ်ပိတ်ပင်


News January 6, 2021 12:30 pm

အင်္ဂလန်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်တာတွေများနေလို့ တနိုင်ငံလုံးကို လော့ခ်ဒေါင်း ချပြီး သွားလာတာတွေကို ကန့်သတ်ပိတ်ပင်လိုက်ပါတယ်...


ဖေဖေါ်ဝါရီလလယ်အထိ အသွားအလာတွေကန့်သတ်ပိတ်ပင်ပြီး ဗိုင်းရပ်စ် ကူးစက်တာတွေ ပြန့်ပွါးနေတာကို ထိန်းချုပ်သွားမယ်လို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကြေငြာပါတယ်...
ဗြိတိန်ဟာ ဗိုင်းရပ်စ်ကာကွယ်ဆေးကို ကမ္ဘာပေါ်မှာ ပထမဆုံး အတည်ပြုပြီး သုံးစွဲတဲ့နိုင်ငံဖြစ်ပေမဲ့ အသွင်ပြောင်းနေတဲ့ ကို ရိုနာဗိုင်းရပ်စ်ပိုးရဲ့ ကူးစက်မှုနှုံးက အဆများစွာ မြန်ဆန်နေလို့ လူထုအနေနဲ့ မနှစ် မတ်လတုံးကလိုပဲ အိမ်မှာပဲနေကြဘို့ ပြောခဲ့ပါတယ်...
ကပ်ဘေးကြီး စကတည်းက ဆေးရုံတွေနဲ့ ကုသဆောင်တွေမှာ ခုအချိန်ဟာ ဝန်အပိဆုံးပဲလို့ ဝန်ကြီးချုပ်က ပြောပါတယ်...


သွားလာတာတွေ ကန့်သတ်ပိတ်ပင်လိုက်လို့ မူလတန်းကနေ ကောလိပ်တွေအထိ မျက်နှာချင်းဆိုင် သင်ယူရမဲ့ ကျောင်း စာသင်ခန်းတွေကိုလည်း ပိတ်လိုက်ပါတယ်...
တက္ကသိုလ်တွေလည်း လာမဲ့ ဖေဖေါ်ဝါရီလလယ်အထိ ပိတ်ထားမှာပါ...
ဆိုင်ထိုင်စားသောက်တာတွေ တားမြစ်လိုက်ပြီးပြင်ပက ဝယ်ယူတာမျိုးပဲ ခွင့်ပြုသလို ဆံပင်ညှပ်တာမျိုးစတဲ့ တခြား ဆိုင်ေ တွလည်း ပိတ်လိုက်ရပါတယ်...


ပြီးခဲ့တဲ့ တနင်္လာနေ့က အင်္ဂလန်က ဆေးရုံတွေမှာ ကိုဗစ်ဝေဒနာသည် ၂ သောင်း ၇ ထောင်နီး ပါး ရှိခဲ့ပြီး အရင်တပတ်ကထက် ၃၀ ရာခိုင်နှုံး ပိုများလာတာဖြစ်သလို ကပ်ဘေးစခဲ့တဲ့အချိန်ထက် ၄၀ ရာခိုင်နှုံး ပိုပါတယ်လို့သိရပါတယ်...
ဗြိတိန်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်တာတွေ မြန်ဆန်လွန်းလို့ လေကြောင်းနဲ့ ကုန်းကြောင်းအပါအဝင် ကဏ္ဍအများစုကို နိုင်ငံတကာက ပိတ်ပင်ထားပါတယ်...
ဥရောပတိုက်မှာ ဗြိတိန်ဟာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုအများဆုံးနဲ့ ၇ သောင်းခွဲကျော် ရှိနေပါတယ်... ကျန်းမာရေးဝန်ထမ်းတွေအဖို့ လာမဲ့ ၃ ပတ်အတွင်း အခက်အခဲတွေ ကြီးကြီးမားမား ကြုံလာရနိုင်လို့ ပြင်ဆင်ထားရ မဲ့အကြောင်း တာဝန်ခံတွေက သတိပေးထားပါတယ်လို့ သိရပါတယ်...

Sourse / Photo ; Internet