ကိုဗစ်ကာလဘဏ္ဍာရေး အခြေအနေ အတွက် အင်္ဂလန်ဘဏ်ကနေ ပေါင်သန်း ၁၂၀ ချေးငွေ ယခဲ့တဲ့ အာဆင်နယ်အသင်း


Sports January 9, 2021 6:30 am

အာဆင်နယ် အသင်းဟာ ကိုဗစ်ကာလ အတွင်း အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေ အထောက်အကူ ဖြစ်ဖို့ အတွက် အင်္ဂလန်ဘဏ်ကနေ ပေါင် သန်း ၁၂၀ ချေးငွေ ယူခဲ့တယ်လို့ သိရပါတယ်…
အခုလို ချေးငွေ ယူခဲ့ရာမှာတော့ ကာလတို စီမံကိန်း အနေနဲ့သာ သဘောတူခဲ့ပြီး အခုနှစ် လာမယ့် မေလမှာ ချေးငွေတွေ အားလုံးကို ပြန်လည် ပေးဆပ်ရမှာ ဖြစ်တယ်လို့ အာဆင်နယ် အသင်းက သတင်း ထုတ်ပြန်ထားပါတယ်…


သူတို့ဟာ အင်္ဂလန်ဘဏ်ရဲ့ ဗြိတိန် နိုင်ငံတွင်း ကိုဗစ်ကာလ ရပ်နားခဲ့ရတဲ့ စီးပွားရေး လုပ်ငန်းတွေ ပြန်လည် လည်ပတ်စေဖို့ အတွက် ဘဏ္ဍာရေး အထောက်အပံ့ အစီအစဉ်မှာ သတ်မှတ် စံနှုန်းနဲ့ ပြည့်မီလို့ အခုလို ချေးငွေ ယူခွင့် ရခဲ့တာပါ…
အာဆင်နယ် အသင်းရဲ့ မြို့ခံ ပြိုင်ဘက် တော့တင်ဟမ်ဟော့စပါး အသင်းဟာလည်း ပြီးခဲ့တဲ့နှစ် နွေရာသီမှာ အင်္ဂလန်ဘဏ်ကနေ ပေါင် ၁၇၅ သန်း ချေးငွေ ယူခဲ့ပြီး အခုလို ငွေကြေးတွေကို ကစားသမားသစ် ခေါ်ယူရာမှာ မသုံးဘူးလို့ တရားဝင် ထုတ်ပြန်ထားခဲ့ပါတယ်…
အာဆင်နယ် အသင်းကတော့ အခုလို မထုတ်ပြန်ထားပေမယ့် ရလာမယ့် ချေးငွေတွေကို အသင်းရဲ့ ဘဏ္ဍာရေး အတွက်သာ သုံးဖို့ များတယ်လို့ ဗြိတိန် မီဒီယာတွေက ဖော်ပြထားပါတယ်…


အာဆင်နယ် အသင်း အနေနဲ့ ပြီးခဲ့တဲ့နှစ်မှာ ကွင်းလယ် ကစားသမား သောမတ်စ်ပါတေး အတွက် ပေါင် ၄ သန်း သုံးခဲ့ရပြီး အသင်းမှာ တစ်ပတ် လုပ်အားခ ပေါင် ၃ သိန်းခွဲ ရနေတဲ့ အိုဇေးလ်ကိုလည်း ပွဲမကစားရပေမယ့် လုပ်အားခ ပေးချေနေရဆဲ ဖြစ်နေပါတယ်…
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက နောက်ဆုံး ထုတ်ပြန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလ ၃၁ ရက်နေ့ အထိ ဘဏ္ဍာရေး အချက်အလက်တွေအရ အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ မရထားခဲ့တဲ့ အတွက် ပေါင် ၂၇ သန်း အထိ အရှုံးပေါ်ခဲ့ပါတယ်…
အခုလို အခြေအနေနဲ့ အတူ အသင်းရဲ့ အမြတ်အစွန်း ပမာဏဟာ ဆိုရင်လည်း လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ရခဲ့တဲ့ ပေါင် ၅၆.၅ သန်း အောက််ကို ကျဆင်းသွားခဲ့ရတယ်လို့ ဆိုပါတယ်…


အခုနှစ် ရာသီ ပြီးခဲ့တဲ့ နွေရာသီ စျေးကွက်မှာ အာဆင်နယ် အသင်းဟာ ကစားသမားသစ်တွေ ခေါ်ယူဖို့ အတွက် ပေါင် သန်း ၈၀ အထိ အသုံးပြုကာ ပြင်ဆင်မှုတွေ ပြုလုပ်ထားခဲ့ပါတယ်…
သူတို့ အသင်းဟာ ဆောက်သမ်တန် အသင်းက နောက်ခံလူ ဆီထရစ်ဆွာရက်ဇ်နဲ့ ချယ်လ်ဆီး အသင်းက ဝီလျံတို့ကို ခေါ်ယူခဲ့ပြီး အသင်း ဂိုးသမား မာတီနက်ဇ်ကိုတော့ ပေါင် သန်း ၂၀ နဲ့ အက်စ်တွန်ဗီလာ အသင်းထံ ရောင်းထုတ်ခဲ့တာပါ…
လက်ရှိ အခြေအနေအရ အာဆင်နယ် အသင်းမှာ တစ်ပတ် လုပ်အားခ ပေါင် ၃ သိန်းခွဲ ရနေတဲ့ အိုဇေးလ် အပါအဝင် ဝင်ငွေ အကောင်းဆုံး ဖြစ်နေတဲ့ အသင်းရဲ့ ကစားသမားတွေကို လုပ်အားခ ပုံမှန် ပေးချေမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်…