လုပ်အားခ လျှော့ယူဖို့အတွက် ကစားသမားတွေနှင့်သဘောတူညီမှုမရခဲ့သည့် ဘာစီလိုနာ အသင်း


Sports November 13, 2020 12:30 pm

စပိန်လာလီဂါ ကလပ် ဘာစီလိုနာ အသင်းဟာ ဘဏ္ဍာရေး အခြေအနေအရ လုပ်အားခ လျှော့ယူဖို့ အတွက် ကလပ် အသင်း ကစားသမားတွေနဲ့ သဘောတူညီမှု မရခဲ့ဖူးလို့ သိရပါတယ်...


လက်ရှိ အခြေအနေအရ ဘာစီလိုနာ အသင်း အနေနဲ့ စီနီယာ အသင်းကြီးမှ ကစားသမား လုပ်အားခ တွေကို ပေါင် သန်း ၁၇၀ အထိ ပြန်လည် ကာမိစေဖို့ အတွက် လုပ်ဆောင်နေပါတယ်...
ဘာစီလိုနာ အသင်းဟာ အသင်း ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်မယ့် အရေးက ရှောင်ရှားနိုင်ဖို့ စီနီယာ အသင်းကြီး အတွက် ပုံစံ ပေးချေနေတဲ့ လုပ်အားခထဲက ၃၀ ရာခိုင်နှုန်း လျှော့ချဖို့ စီစဉ်နေပါတယ်...
အခုလို ကိစ္စ အတွက် ကစားသမားတွေနဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေးခဲ့ပေမယ့် သဘောတူညီမှု မရခဲ့ တာ ဖြစ်တယ်လို့ သိရပါတယ်...


လက်ရှိ ဘာစီလိုနာ အသင်းမှာ ဝင်ငွေ အကောင်းဆုံး ကစားသမား အဖြစ် မက်ဆီက တစ်ပတ်ကို ပေါင် ၅ သိန်းနဲ့ ရပ်တည်နေတယ်လို့ ကလပ် အသင်း သတင်းတွေက ဖော်ပြထားပါတယ်...
ဘာစီလိုနာ အသင်း အနေနဲ့ ကစားသမား လုပ်အားခ လျှော့ချမယ့် အစီအစဉ် အတွက်ကို နိုဝင်ဘာလ ၂၃ ရက်နေ့ အထိ နောက်ဆုံးထား ဆွေးနွေးသွားမယ်လို့ သိရပါတယ်...

Sourse / Photo ; Internet