Hero World Challenge ဂေါက်သီးရိုက်ပြိုင်ပွဲကို တရားဝင်ရွှေ့ဆိုင်းလိုက်ကြောင်း အတည်ပြု ထုတ်ပြန်


Sports October 21, 2020 12:30 pm

အမေရိကန်နိုင်ငံ ပြည်ထောင်စု ဘဟားမား ပြည်နယ်မှာ ပြုလုပ်မယ့် ဒီနှစ် Hero World Challenge ဂါက်သီးရိုက် ပြိုင်ပွဲကို တရားဝင် ရွှေ့ဆိုင်းလိုက်ကြောင်း အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။ ကိုဗစ် ကာလ အတွင်း အသွားအလာ ကန့်သတ် စည်းမျဉ်းတွေကြောင့် အခုလို ရွှေ့ဆိုင်းတာ ဖြစ်တယ်လို့ ပြိုင်ပွဲ တာဝန်ရှိသူတွေက ဒီတစ်ပတ် တနင်္လာနေ့မှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်…


ကမ္ဘာ့ နာမည်ကြီး ကစားသမား တိုက်ဂါးဝုဒ်မှ ကြီးမှူး ကျင်းပတဲ့ ဒီပြိုင်ပွဲကို ဒီဇင်ဘာလ ၃ ရက်နေ့ကနေ ၆ ရက်နေ့ အထိ ကျင်းပဖို့ ကနဦး စီစဉ်ထားခဲ့ပြီး ကမ္ဘာ့ ထိပ်တန်း ကစားသမား ၁၈ ဦး ပါဝင်ဖို့ ရှိပါတယ်။ ပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့ ကစားသမားတွေ အနေနဲ့ PGA Tour က ထုတ်ပြန်တဲ့ ဝင်ငွေ ရပ်တည်မှုအရ အကျုံး မဝင်ပေမယ့် ကမ္ဘာ့ အဆင့် ရပ်တည်မှု အတွက်တော့ အရေးပါတဲ့ ပြိုင်ပွဲ တစ်ခု ဖြစ်တာပါ။ Hero World Challenge ဂေါက်သီးရိုက် ပြိုင်ပွဲကို လာမယ့်နှစ်မှာ ပြန်လည် ကျင်းပသွားနိုင်ဖို့ အတွက် မျှော်လင့်ထားတယ်လို့ ပြိုင်ပွဲ တာဝန်ရှိသူတွေက ဆိုပါတယ်…


ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံကတော့ ဆွီဒင်နိုင်ငံသား ဟန်းနရစ်စတန်ဆန်ဖြစ်ပြီး ကမ္ဘာ့အဆင့် ၂ ကစားသမား ဂျွန်မရင်း၊ ရစ်ကီဖောင်လာ၊ ဘတ်ဘာဝက်ဆန်တို့လို ကစားသမားတွေလည်း ဗိုလ်စွဲခဲ့ဖူး တယ်လို့ သိရပါတယ်…

Sourse / Photo ; Internet