မက္ကဆီကို အသင်းနဲ့ အာရှ ထိပ်သီး လက်ရွေးစင် အသင်း ၂ သင်းတို့ လာမယ့် နိုဝင်ဘာလမှာ ခြေစမ်းမည်


Sports October 16, 2020 8:30 am

အာရှ အကောင်းဆုံး ထိပ်သီး လက်ရွေးစင် ၂ သင်း ဖြစ်တဲ့ တောင်ကိုရီးယား အသင်းနဲ့ ဂျပန် အသင်းတို့ ဟာ လာမယ့် နိုဝင်ဘာလ အတွင်းမှာ မက္ကဆီကို အသင်းနဲ့ ခြေစမ်းပွဲတွေ ကစားမယ်လို့ သိရပါတယ်...


တောင်ကိုရီးယား အသင်းဟာ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ မက္ကဆီကို အသင်းနဲ့ ခြေစမ်းပွဲ ကစားမှာ ဖြစ်ပြီး ဂျပန် အသင်းကလည်း မက္ကဆီကို အသင်းနဲ့ဘဲ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ခြေစမ်းပွဲ ကစားမှာပါ...
အာရှ ထိပ်သီး ၂ သင်းစလုံး အနေနဲ့ မက္ကဆီကို အသင်းနဲ့ ခြေစမ်းပွဲကို သြစတြီးယား နိုင်ငံမှာ ကစားမယ်လို့ တရားဝင် သတင်း ထုတ်ပြန်ထားတယ်လို့ သိရပါတယ်...
တောင်ကိုရီးယား အသင်းကတော့ မက္ကဆီကို အသင်းနဲ့ ပွဲစဉ် အပြီး ၂ ရက်အကြာမှာ ကာတာ အသင်းနဲ့ သြစတြီးယား နိုင်ငံမှာလည်း ခြေစမ်းပွဲ ဆက်လက် ကစားမှာ ဖြစ်ပါတယ်...


ကိုဗစ် ကာလ အခြေအနေကြောင့် အာရှတွင်း နိုင်ငံအသင်းတွေရဲ့ ပွဲစဉ်တွေ အားယူနေတဲ့ ကာလမှာ တောင်ကိုရီးယား အသင်း အတွက် မက္ကဆီကို၊ ကာတာ အသင်းတို့နဲ့ ပွဲကတော့ အကျိုးရှိမှာ သေချာပါတယ်...
မက္ကဆီကို အသင်းနဲ့ ပွဲစဉ်ဟာ တောင်ကိုရီးယား အသင်း အတွက် သာမက နှစ်သင်းစလုံး အတွက် ၁၃ ကြိမ်မြောက် ထိပ်တိုက် တွေ့ဆုံမှုလည်း ဖြစ်လာမှာပါ...


တောင်ကိုရီးယား အသင်းဟာ မက္ကဆီကို အသင်းကို အစဉ်အလာအရ ၄ ကြိမ် အနိုင်ရပြီး မက္ကဆီကို အသင်းကတော့ ၇ ကြိမ် အနိုင်ရထားပါတယ်...
ဒီ ၂ သင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာလည်း တွေ့ဆုံခဲ့ဖူးတဲ့ အသင်းတွေ ဖြစ်ပါတယ်...
ဂျပန် အသင်းကတော့ ပြီးခဲ့တဲ့ ခြေစမ်းပွဲတွေမှာ အာဖရိက အသင်းတွေနဲ့ ကစားခဲ့ပြီး ကင်မရွန်း အသင်းကို ဂိုးမရှိနဲ့ အိုင်ဗရီကို့စ် အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားခဲ့တယ်လို့ သိရပါတယ်...