ဂီတာဖေး အသင်းနဲ့ အတူ ကစားသမား ဘ၀ ကုန်ဆုံးဖို့ မျှော်လင့်ထားကြောင်း မိုရာတာ ပြောဆို


Sports November 13, 2020 7:00 am

ဂျူဗင်တပ် အသင်း တိုက်စစ်မှူး မိုရာတာက သူ့အနေနဲ့ လာမယ့် အနာဂတ်မှာ အသင်း ဟောင်း ဂီတာဖေးနဲ့ အတူ ကစားသမား ဘ၀ ကုန်ဆုံးဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်...
စပိန် တိုက်စစ်မှူး မိုရာတာဟာ ဂျူဗင်တပ် အသင်းကို တစ်ကျော့ပြန် ပြောင်းရွှေ့လာခဲ့ပြီး ဒီရာသီမှာ အသင်းနဲ့ အတူ အကောင်းဆုံး ခြေစွမ်းပြ ကစားနေသူ ဖြစ်ပါတယ်...


သူဟာ လက်ရှိ အချိန်အထိ ဂျူဗင်တပ် အသင်း အတွက် ၈ ပွဲ ကစားကာ ၆ ဂိုး အထိ သွင်းယူထားခဲ့ပြီး အသင်းမှာ ပျော်ရွှင်နေတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်...
ဒါပေမယ့် မိုရာတာက အက်သလက်တီကိုမက်ဒရစ် အသင်းဟာ သူ့ရဲ့ နှလုံးသားမှာ ထာဝရ ရှိနေမယ့် အသင်းလို့ ပြောခဲ့ဖူးပြီး နည်းပြ ဒီယေဂိုဆီမြွန်နီကိုလည်း ချီးကျူးခဲ့ဖူးပါတယ်...


သူဟာ ဒီနှစ်ရာသီမှာ အက်သလက်တီကိုမက်ဒရစ် အသင်းကနေ ဂျူဗင်တပ် အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး တစ်ဦးလည်း ဖြစ်ပါတယ်...
ဒါပေမယ့်လည်း မိုရာတာဟာ သူ့ရဲ့ လက်ကျန် ကစားသမား ဘဝကို ဂီတာဖေး အသင်းမှာ ကုန်ဆုံး မျှော်လင့်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်...


အက်သလက်တီကိုမက်ဒရစ် အသင်းရဲ့ အကယ်ဒမီထွက် ကစားသမား တစ်ဦး ဖြစ်တဲ့ မိုရာတာဟာ ၂၀၀၇ ခုနှစ်မှာ ဂီတာဖေး အသင်းကို ပြောင်းရွှေ့ ကစားခဲ့တာပါ...
သူဟာ ဂီတာဖေး အသင်းမှာ ကစားခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ချယ်လ်ဆီး အသင်းတွေမှာ ကစားခဲ့ဖူးတယ်လို့ သိရပါတယ်...