ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာနိုင်ငံမှ အားကစားနည်း (၁၈)မျိုး ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျာထား


Sports January 9, 2021 7:00 am

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံမှ အားကစားနည်း (၁၈)မျိုးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျာထားလျက်ရှိတယ်လို့ သိရပါတယ်…


ဗီယက်နမ်ဆီးဂိမ်းမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနဲ့ အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်နိုင်ရေး ကြိုတင် ဆောင်ရွက်ထားတဲ့ အခြေအနေတွေနဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်တွေနဲ့ ပေါင်းစပ်ညှိုနှိုင်း အစည်းအဝေးကို ဇန်နဝါရီလ(၆)ရက်က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်…
အဲ့သည်အစည်းအဝေးမှာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်ဦးက ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ အမှန်တကယ်ဆုတံဆိပ်ရရှိနိုင်မယ့် အားကစား အမျိုးအစား၊ အားကစားသမားများကို စီစစ်ရွေးချယ်ယှဉ်ပြိုင်စေရန် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန် ထားကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်…


အဲ့သည့်ထဲမှာ ဗိုဗီနမ်၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှု၊ ဘိလိယက်နှင့်စနူကာ၊ မြားပစ်၊ ဂျူဒို၊ လှေလှော်၊ ပိုက်ကျော် ခြင်း၊ ဘောလုံး၊ အလေးမ၊ ဝူရှူး၊ ကရာတေး၊ စစ်တုရင်၊ တိုက်ကွမ်ဒို၊ ဘောလီဘော၊ ပီတန်း၊ သေနတ်ပစ် ၊ အလေးမ၊ ပြေးခုန်ပစ် စတဲ့ အားကစားနည်း(၁၈)မျိုးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျာထားတယ်လို့ သိရပါတယ်…
လက်ရှိမှာတော့ ဆီးဂိမ်းအတွက် စခန်းသွင်းလေ့ကျင့်ဖို့ စီစဉ်ထားရှိမှုတွေကို လိုက်လံစစ်ဆေးမှုတွေ ပြုလုပ်နေပြီး မကြာခင် လေ့ကျင့်မှုတွေ စတင်တော့မယ်လို့ သိရပါတယ်…


လာမယ့်ဗီယက်နမ်ဆီးဂိမ်းမှာတော့ အားကစားနည်း (၄၀)ထည့်သွင်းကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားပေါင်း (၅၁၈)မျိုးပါဝင်မယ်လို့ သိရပါတယ်…