ကမ္ဘာ့ဖလားစစ်တုရင်ပြိုင်ပွဲကို မြန်မာနိုင်ငံမှ ဝင်ပြိုင်မည်။


Sports January 6, 2021 7:00 am

(၂၀၂၁) FIDE World Cup ကမ္ဘာ့ဖလားစစ်တုရင်ပြိုင်ပွဲမှာ မြန်မာနိုင်ငံမှ စစ်တုရင်အားကစားသမားတစ်ဦး ပါဝင် ယှဉ်ပြိုင်မယ်လို သိရပါတယ်…


ဒီပြိုင်ပွဲဟာ ရှုံးထွက်စနစ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ နိုင်ငံ့လက်ရွေးစင်ကစားသမားတွေ၊ စစ်တုရင် ချန်ပီယံတွေ ပါဝင်ယှဉ်ပြိုင်မယ့်ပြိုင်ပွဲ ဖြစ်ပါတယ်…
အဆိုပါ ပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့်အတွက် နိုင်ငံအလိုက် လက်ရည်အဆင့်အပေါ် မူတည်ကာ ခွင့်ပြုသွားမှာဖြစ်ပြီး မြန်မာနိုင်ငံက စစ်တုရင်ကစားသမားတစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်…


ယခုကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လအတွင်း ရုရှားနိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲသူဟာ အမေရိကန် ဒေါ်လာ (၁)သိန်းအထက် ရရှိမယ်လို့ သိရပါတယ်…
ဒါ့ကြောင့် အဆိုပါပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြည်တွင်းလက်ရည်စစ်ပွဲ ပြုလုပ် ကာ ရွေးချယ်သွားမယ်လို့ မြန်မာနိုင်ငံစစ်တုရင်အားကစားအဖွဲ့ချုပ် တာဝန်ရှိသူက ပြောပါတယ်…


မြန်မာနိုင်ငံအနေနဲ့ ယခင်ကျင်းပခဲ့တဲ့ ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရရှိခဲ့ပေမယ့် ယခုနှစ်မှာမှ စတင်ဝင် ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့တယ်လို့ သိရပါတယ်…