ဖိတ်ခေါ် 8 Ball ပြိုင်ပွဲမှာ ဘုန်းမြင့်ကျော် (ခေါ်) အားတီ ချန်ပီယံဆု ရရှိ


Sports January 6, 2021 6:30 am

မြန်မာ့လက်ရွေးစင်ကစားသမား ဘုန်းမြင့်ကျော် (ခေါ်) အားတီဟာ တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Ai Ke Hotel Piston Open ပြိုင်ပွဲမှာ ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်…


ဒီပြိုင်ပွဲကို ဇန်နဝါရီလ (၁)ရက်မှ (၃)ရက်ထိ ကျင်းပခဲ့တာဖြစ်ပြီး နာမည်ကြီးကစားသမားတစ်ချို့လည်း ပါဝင်ယှဉ် ပြိုင်ခဲ့ကြပါတယ်…
ပြိုင်ပွဲမှာ သူဟာ အကောင်းဆုံးလက်စွမ်းနဲ့အတူ ဆီမီးဖိုင်နယ်မှာ တရုတ်ကစားသမားကို (၁၀)ပွဲ (၇)ပွဲနဲ့ အနိုင်ရရှိခဲ့ ပြီး ဗိုလ်လုပွဲမှာတော့ အမျိုးသမီးကစားသမားနဲ့ တွေ့ဆုံခဲ့တာကြောင့် အကျောပေးယှဉ်ပြိုင်ခဲ့ရကာ (၁၀) ပွဲ (၄) ပွဲနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်…


အားတီအနိုင်ယူကျော်ဖြတ်ခဲ့သူတွေထဲမှာ နာမည်ကြီး ကစားသမားတွေလည်း ပါဝင်ခဲ့ပြီး တရုတ်လက်ရွေးစင် ကစားသမား (၂)ဦးလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်…
ဘုန်းမြင့်ကျော် (ခေါ်) အားတီအနေနဲ တရုတ်နိုင်ငံမှာ ပြိုင်ပွဲတွေ ဆက်တိုက်ဆိုသလို ယှဉ်ပြိုင်နေတာဖြစ်ပြီး ယခု ချန်ပီယံဆုဟာ သူ့ရဲ့ (၂၀၂၁)ခုနှစ်အတွက် ပထမဆုံးချန်ပီယံဆု ဖြစ်လာခဲ့ပါတယ်…