ပေါ်တူဂီ အသင်း ဂိုးပြတ် အနိုင်ရပြီး ပြင်သစ် အသင်း အိမ်ကွင်းမှာ ရှုံးပွဲ တွေ့ခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲစဉ်


Sports November 13, 2020 6:32 am

ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တွေ အပြီးမှာတော့ ပေါ်တူဂီ အသင်းက ဂိုးပြတ် အနိုင်ရပြီး ပြင်သစ် အသင်းက အိမ်ကွင်းမှာ ရှုံးပွဲ တွေ့ခဲ့ပါတယ်...
ပေါ်တူဂီ အသင်းဟာ အိမ်ကွင်းမှာ အန်ဒိုရာ အသင်းကို ၇ ဂိုး ဂိုးမရှိနဲ့ အတူ ဂိုးပြတ် အနိုင်ရခဲ့ပြီး အဖွင့်လှခဲ့ပါတယ်...
ပေါ်တူဂီ အသင်း အတွက် ဂိုးတွေကို ပွဲချိန် ၈ မိနစ်မှာ ပက်ဒရို နက်တို၊ ပွဲချိန် ၂၉ မိနစ်နဲ့ ၆၁ မိနစ်မှာ ပေါ်လင်ဟို အပြင် ၇၆ မိနစ်မှာ ရခဲ့တဲ့ ပြိုင်ဘက် အသင်း ကစားသမားရဲ့ Own Goal နဲ့ အတူ ၈၅ မိနစ်မှာ ရော်နယ်ဒိုနဲ့ ၈၈ မိနစ်မှာ ဂျာအိုဖီးလစ်တို့က သွင်းယူခဲ့ပါတယ်...


ပေါ်တူဂီ အသင်း အတွက် အနိုင်ဂိုး တစ်ဂိုး သွင်းယူခဲ့တဲ့ ရော်နယ်ဒိုဟာ အသင်းနဲ့ အတူ ဂိုးပေါင်း ၁၀၂ ဂိုး အထိ ရှိလာခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်...
သူဟာ နိုင်ငံတကာ ပြိုင်ပွဲတွေ အားလုံးမှာ ဂိုးသွင်း အများဆုံး စံချိန်တင်ထားခဲ့တဲ့ အီရန် ကစားသမား အလီဒါရီရဲ့ စံချိန်ကို လိုက်မီဖို့ ၇ ဂိုးသာ လိုတော့တယ်လို့ သိရပါတယ်...
ပြင်သစ် အသင်းကတော့ အိမ်ကွင်းမှာ ဖင်လန် အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ဖင်လန် အသင်း အတွက် ဂိုးတွေကို မားကပ်စ်ဖော့စ်နဲ့ ဗယ်လာကာရီတို့က သွင်းယူခဲ့တာပါ...
လက်ရှိ ကမ္ဘာ့ အဆင့် ၅၅ မှာ ရပ်တည်နေတဲ့ ဖင်လန် အသင်း အတွက် အခုလို လက်ရှိ ကမ္ဘာ့ ချန်ပီယံ ပြင်သစ် အသင်းကို ပထမဆုံး အနိုင်ရခဲ့တဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်...


ပြင်သစ် အသင်း အနေနဲ့ အိမ်ကွင်းမှာ ကစားသမား အစုံအလင် သုံးပြီး အနိုင်ရအောင် ကြိုးစား ကစားခဲ့ပေမယ့် ဖင်လန် အသင်းရဲ့ စုဖွဲ့မှုကို မယှဉ်နိုင်ခဲ့လို့ ရှုံးခဲ့ရပါတယ်...
အခြား ပွဲစဉ် ရလဒ်တွေ အဖြစ် ဂရိ အသင်းနဲ့ ဆိုက်ပရက်စ် အသင်းတို့ ပွဲစဉ်မှာ ဂရိ အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တယ်လို့ သိရပါတယ်...
ရိုမေနီးယားနဲ့ ဘယ်လာရုဇ် အသင်းတို့ ပွဲစဉ်မှာတော့ ရိုမေးနီးယား အသင်းက ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်...
တူရကီ အသင်းနဲ့ ခရိုအေးရှား အသင်းတို့ ပွဲစဉ်ကတော့ တစ်ဖက် ၃ ဂိုးစီ သရေကျခဲ့ပြီး နယ်သာလန် အသင်းနဲ့ စပိန် အသင်းတို့ ပွဲစဉ်ကလည်း တစ်ဂိုးစီ သရေကျခဲ့ပါတယ်...


ဘယ်လ်ဂျီယံ အသင်းကတော့ ဆွစ်ဇာလန် အသင်းကို အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အီတလီ အသင်းကလည်း အိမ်ကွင်းမှာ အက်စ်တိုးနီးယား အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပါတယ်...
ဂျာမနီ အသင်းကလည်း အိမ်ကွင်းမှာ ချက် အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ကစားနိုင်ခဲ့ ပါတယ်...
ပိုလန် အသင်းနဲ့ ယူကရိန်း အသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ ပိုလန် အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တယ်လို့ သိရပါတယ်...