ဂျူဗင်တပ် အသင်းရဲ့ လာမယ့် ပွဲစဉ် ၂ ပွဲကို လွဲချော်မယ့် စီရော်နယ်ဒို


Sports October 16, 2020 7:30 am

ဂျူဗင်တပ် အသင်း တိုက်စစ်မှူး စီရော်နယ်ဒိုဟာ သူ့အနေနဲ့ အသင်းရဲ့ လာမယ့် ပွဲစဉ် ၂ ပွဲကို လွဲချော်မယ်လို့ တရားဝင် သတင်းတွေအရ သိရပါတယ်...


သူဟာ ကိုဗစ် ပိုးတွေ့ရှိထားလို့ အနည်း ၁၀ ရက်ကြာ သီးသန့် စောင့်ကြည့်မှု ခံယူခံရမှာ ဖြစ်လို့ အသင်းရဲ့ ပွဲစဉ်တွေမှာ ပါဝင်ကစားဖို့ အတွက် မဖြစ်နိုင်တော့တာပါ...
ဂျူဗင်တပ် အသင်း အနေနဲ့ အခုတစ်ပတ်မှာ ခရွန်တိုနီ အသင်းနဲ့ စီးရီးအေ ပွဲစဉ် အပြင် ဒိုင်နမိုကိယက်ဗ် အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေ ကစားရမှာ ဖြစ်တယ်လို့ သိရပါတယ်...


ရော်နယ်ဒိုဟာ ဆွီဒင် အသင်းနဲ့ ပွဲစဉ် မတိုင်ခင် ကိုဗစ် ပိုးတွေ့ရှိထားကြောင်း အဖြေ ထွက်ခဲ့ပြီး ပေါ်တူဂီ အသင်းနဲ့ အတူ အဆိုပါ ပွဲစဉ်မှာလည်း ပါဝင် ကစားခဲ့ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်...
ဂျူဗင်တပ် အသင်း အနေနဲ့လည်း စီရော်နယ်ဒို အပါအဝင် ကစားသမား နှစ်ဦး အထိ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ ပိုးတွေ့ရှိကြောင်း အဖြေ ထွက်ခဲ့လို့ တစ်သင်းလုံး Quarantine ဝင်နေရပါတယ်...


နောက်ဆုံး သတင်းတွေအရ ရော်နယ်ဒို အပြင် နောက်ထပ် ကစားသမား ဖြစ်တဲ့ ဝက်စတန်မက်ကင်နီမှာ လည်း ပိုးတွေ့ရှိနေတယ်လို့ ဂျူဗင်တပ် အသင်းက တရားဝင် သတင်း ထုတ်ပြန်ခဲ့တာပါ...
ရော်နယ်ဒိုဟာ ဗုဒ္ဓဟူးနေ့က အသင်း အခြေစိုက်ရာ တူရင်ကို ကိုယ်ပိုင် လေယာဉ်နဲ့ ပြန်လာခဲ့ပြီးနောက် သီးသန့် Quarantine ဝင်ဖို့ အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။