ဂျူဗင်တပ်အသင်းနှင့် နာပိုလီအသင်း ပွဲစဉ်အတွက် အတည်ပြုဆုံးဖြတ်ချက်ချလိုက်တဲ့ စီးရီးအေအဖွဲ့ချုပ်


Sports October 16, 2020 3:09 am

အီတလီ စီးရီးအေ အဖွဲ့ချုပ်ဟာ ဂျူဗင်တပ်အသင်းနဲ့ နာပိုလီအသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်အတွက် နောက်ဆုံး အတည်ပြု ဆုံးဖြတ်ချက်ကို ချမှတ်လိုက်တယ်လို့ သိရပါတယ်...


ပြီးခဲ့တဲ့ အပတ်က ယှဉ်ပြိုင် ကစားရမယ့် ဒီပွဲစဉ်မှာ တစ်ဖက် ပြိုင်ဘက်အသင်း ဖြစ်တဲ့ နာပိုလီအသင်း အချိန်မီ ရောက်မလာခဲ့လို့ ရွှေ့ဆိုင်းခဲ့ရတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ပါတယ်...
ဂျူဗင်တပ် အသင်းဟာ နာပိုလီ အသင်းနဲ့ ပွဲစဉ် အတွက် ပွဲကစားမယ့် အသင်း အိမ်ကွင်းကို ပွဲမတိုင်မီ ကြိုရောက်နေပေမယ့် ပြိုင်ဘက် အသင်းက ရောက်မလာတဲ့ အတွက် ပွဲကို ရွှေ့ခဲ့ရတာပါ...


အီတလီ စီးရီးအေ အဖွဲ့ချုပ်ဟာ ဒီပွဲစဉ် အတွက် ဂျူဗင်တပ် အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အလိုအလျောက် အနိုင်ပေးလိုက်ပြီး နာပိုလီ အသင်းကို လက်ရှိ ရမှတ်ထဲက တစ်မှတ်လျှော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်...
ဂျူဗင်တပ် အသင်းနဲ့ ပွဲမတိုင်မီ ကိုဗစ် ပိုးတွေ့သူ ၂ ဦး ထွက်ပေါ်ခဲ့တဲ့ နာပိုလီ အသင်းကတော့ ခရီးသွား လာခွင့် ပိတ်ပင်ခံထားရလို့ ပွဲကို လာရောက် ကစားနိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်...


အခုလို ပြစ်ဒဏ် ချမှတ်ခံရပြီးနောက် နာပိုလီ အသင်း အနေနဲ့ အယူခံဝင်သွားမယ်လို့ သူတို့ရဲ့ တရားဝင် Twitter မှာ ရေးသား ဖော်ပြခဲ့တယ်လို့ သိရပါတယ်...

Sourse / Photo ; Internet