၂၀၂၀-၂၀၂၁ NBA ဘတ်စ်ကတ်ဘော ရာသီပွဲစဉ်တွေ ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် စတင်မည်


Sports November 13, 2020 8:30 am

၂၀၂၀-၂၀၂၁ NBA ဘတ်စ်ကတ်ဘော ရာသီ ပွဲစဉ်တွေကို လာမယ့် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ စတင် ကစားမယ်လို့ တရားဝင် အတည်ပြုလိုက်ပါတယ်...


ပြိုင်ပွဲ တာဝန်ရှိသူတွေ အနေနဲ့ အခုလို စတင်နိုင်ဖို့ အတွက်ကို ပွဲစဉ် ရေးဆွဲမှုတွေ အပြင် လုပ်အား ပေးချေမှု ဆိုင်ရာ ကိစ္စတွေ အတွက် ကစားသမားတွေနဲ့ သဘောတူညီမှု ရခဲ့တယ်လို့ သိရပါတယ်...
NBA ဘတ်စ်ကတ်ဘော ရာသီ ပွဲစဉ်တွေကို ပုံမှန်အားဖြင့် နှစ်တစ်နှစ်ရဲ့ အောက်တိုဘာလမှာ စတင် ကစားလေ့ရှိပေမယ့် ကိုဗစ်ကြောင့် ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။ အခုလို အခြေအနေတွေကြောင့် ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ရာသီမှာလည်း နှောင့်နှေး ကြန့်ကြာမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်...


ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့မှာတော့ NBA ဘတ်စ်ကတ်ဘော ရာသီ ချန်ပီယံဆုကိုတော့ LA လိတ်ကာ အသင်းက ဆွတ်ခူး ရရှိခဲ့ပါတယ်...
LA လိတ်ကာ အသင်း အတွက်တော့ နှစ်ပေါင်း ၁၀ နှစ်အကြာမှာ သူတို့ အသင်းရဲ့ ၁၇ ကြိမ်မြောက် ချန်ပီယံဆုကို ပိုင်ဆိုင်ခွင့် ရရှိခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်...

Sourse / Photo ; Internet