COVID-19 ဆိုင်ရာ စစ်ဆေးမှုအတွက် ဂျူဗင်တပ် ကလပ်အသင်းတစ်ခုလုံး Quarantine ဝင်နေရ…


Sports October 16, 2020 12:30 pm

စီးရီးအေ ကလပ် ဂျူဗင်တပ် အသင်း အနေနဲ့ COVID-19 ဆိုင်ရာ စစ်ဆေးမှု အတွက် ကလပ် အသင်း တစ်ခုလုံး အချိန်အတိုင်းအတာ တစ်ခု အထိ သီးသန့် Quarantine ဝင်နေရတယ်လို့ သိရပါတယ်...


သူတို့ အသင်း အနေနဲ့ အဓိက တိုက်စစ်မှူး စီရော်နယ်ဒိုမှာ ပိုးတွေ့ရှိကြောင်း အဖြေထွက်ခဲ့ပြီး တစ်ရက် အကြာ နောက်ထပ် ကစားသမား ဝက်စ်တန်မက်ကင်နီမှာလည်း ပိုးတွေ့နေတယ်လို့ ဆိုပါတယ်...
ဒါကြောင့် အခုတစ်ပတ်မှာ ကစားမယ့် ခရွန်တိုနီ အသင်းနဲ့ စီးရီးအေ ပွဲစဉ် မတိုင်မီ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ ဂျူဗင်တပ် တစ်သင်းလုံး Quarantine ဝင်ဖို့ကို ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်...


လက်ရှိမှာ အသင်း အဖွဲ့ဝင်တွေ အားလုံးကို ပြင်ပ ထိတွေ့ ခွင့် မပေးသေးသလို သီးသန့် ထားရှိထား တယ်လို့ အီတလီ မီဒီယာတွေက ဖော်ပြထားပါတယ်။ စစ်ဆေးမှု ကာလ အတွင်း ပိုးကင်းစင်ကြောင်း အဖြေထွက်မှသာ လေ့ကျင့်ရေး အစီအစဉ်တွေနဲ့ ပွဲတွေ ကစားခွင့်ပေးမယ်လို့ ဂျူဗင်တပ် အသင်းက သတင်း ထုတ်ပြန်ခဲ့ပါတယ်...


သူတို့ အသင်း တိုက်စစ်မှူး စီရော်နယ်ဒို ဆိုရင်လည်း သီးသန့် စောင့်ကြည့် ကုသမှု ခံယူရမှာ ဖြစ်လို့ ခရွန်တိုနီ အသင်းနဲ့ ပွဲစဉ် အပြင် ဒိုင်နမိုကိယက်ဗ် အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကို လွဲမယ်လို့ သိရပါတယ်...

Sourse / Photo ; Internet