ပြင်သစ်အသင်းအနိုင်ရပြီး အင်္ဂလန်အသင်း ရှုံးပွဲတွေ့ခဲ့တဲ့ UEFA Nations League


Sports October 16, 2020 6:30 am

UEFA Nations League အုပ်စုတွင်း ပွဲစဉ်တွေကို ဗုဒ္ဓဟူးညက ဆက်လက် ယှဉ်ပြိုင် ကစားခဲ့ရာမှာတော့ ပြင်သစ် အသင်းက အနိုင်ရခဲ့ပြီး အင်္ဂလန် အသင်းက ရှုံးပွဲ တွေ့ခဲ့တယ်လို့ သိရပါတယ်...
ပြင်သစ် အသင်းဟာ ခရိုအေးရှား အသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ရပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ကာ အသင်း အတွက် ဂိုးတွေကို ဂရစ်ဇ်မန်းနဲ့ အမ်ဘာပေတို့က သွင်းယူခဲ့ပါတယ်...


ခရိုအေးရှား အသင်းကတော့ နီကိုလာဗလာဆစ်ရဲ့ ဒုတိယပိုင်း သွင်းဂိုး တစ်ဂိုးနဲ့သာ ကျေနပ်ခဲ့ရပြီး ပြင်သစ် အသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရတာပါ...
အင်္ဂလန် အသင်းဟာ အိမ်ကွင်းမှာ ဒိန်းမတ် အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ပြီး တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ တယ်လို့ သိရပါတယ်...


ဒိန်းမတ် အသင်း အတွက် တစ်လုံးတည်းသော ဂိုးကို ပွဲချိန် ၃၅ မိနစ်မှာ အဲရစ်ဆင်က ပင်နယ်တီကနေ တစ်ဆင့် သွင်းယူခဲ့တာ ဖြစ်ပါတယ်...
အင်္ဂလန် အသင်းကတော့ ပွဲချိန် ၃၁ မိနစ်နဲ့ မိနစ် ၉၀ မှာ နောက်ခံလူ ၂ ဦး ဖြစ်တဲ့ မက်ဂူရီနဲ့ ရီဆီဂျိမ်းစ်တို့ ထုတ်ပယ်ခံခဲ့ရသလို အိမ်ကွင်းမှာလည်း ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာပါ...


အခြား ပွဲစဉ် ရလဒ်တွေ အနေနဲ့ကတော့ အီတလီ အသင်းဟာ နယ်သာလန် အသင်းနဲ့ အိမ်ကွင်းမှာ တစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်...
ပိုလန် အသင်းကတော့ အိမ်ကွင်းမှာ ဘော့စနီးယား အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဘယ်လ်ဂျီယံ အသင်းကလည်း အိုက်စလန် အသင်းကို အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်...


ပေါ်တူဂီ အသင်းကတော့ ဆွီဒင် အသင်းကို အိမ်ကွင်းမှာ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဖင်လန် အသင်းကတော့ အိမ်ကွင်းမှာ အိုင်ယာလန် အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ...
နော်ဝေ အသင်းကလည်း အိမ်ကွင်းမှာ မြောက်အိုင်ယာလန် အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ရိုမေးနီးယား အသင်းကတော့ အိမ်ကွင်းမှာ သြစတြီးယား အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ပါတယ်...


စကော့တလန် အသင်းနဲ့ ချက် အသင်းတို့ ပွဲစဉ်မှာလည်း စကော့တလန် အသင်းက အိမ်ကွင်းမှာ တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တယ်လို့ သိရပါတယ်...