ဘရာဇီးကစားသမား အီမာဆင်ကို တစ်ရာသီစာချုပ်နဲ့ ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ …


Sports January 9, 2021 7:30 am

မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းဟာ လာမယ့်ဘောလုံးရာသီအတွက် ဘရာဇီး ကွင်းလယ် ကစားသမားအီမာဆင်ကို တစ်ရာသီစာချုပ်နဲ့ ခေါ်ယူလိုက်ပြီလို့ သိရပါတယ်…


အီမာဆင်ဟာ (၂၀၁၃)ခုနှစ်မှ စတင်ကာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့သူဖြစ်ပြီး (၂၀၁၄၊ ၂၀၁၅) ဘောလုံးရာသီမှာ ရန်ကုန်ယူနိုက်တက်အသင်းကို ရောက်ရှိလာကာ (၂၀၁၅)ခုနှစ်မှာ ရန်ကုန်ယူနိုက်တက်အသင်း ကို ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်…
(၂၀၁၆)ခုနှစ်မှာတော့ ဘော့စနီးယားကလပ် ဆာရာဂျီဗို အသင်းကို ပြောင်းရွှေ့ကစားခဲ့ပြီး (၂၀၁၇)ခုနှစ်မှာတော့ ရန်ကုန်ယူနိုက်တက်အသင်းကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်…


အဲ့သည့်နောက် ဘရာဇီးကလပ်အသင်းတွေမှာ (၂)နှစ်ကြာ သွားရောက်ကစားခဲ့ပြီး (၂၀၂၀) ပြည့်နှစ်မှာ ဇွဲကပင် ယူနိုက်တက်အသင်းမှာ ကစားကာ ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်…
ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သူဟာ ဇွဲကပင်ယူနိုက်တက်အသင်းမှာ (၁၁)ပွဲကစားခဲ့ပြီး (၃) ဂိုးသွင်းယူထားနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်…


ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ လာမယ့်ဘောလုံးရာသီအတွက် ကစားသမားခေါ်ယူမှုတွေကို စတင်ပြုလုပ် နေပြီး မကြာခင်ရက်တွေမှာလည်း ထပ်မံခေါ်ယူဖို့ ရှိတယ်လို့ သိရပါတယ်…