YTV Channel ပရိသတ်တွေထဲမှာ စုံထောက်ပညာဝါသနာပါသူတွေများ ရှိကြပါသလား?...
တကယ်လို့များ စုံထောက်ပညာဝါသနာပါတယ်. မှုခင်းတစ်ခုမှာ တရားခံဘယ်သူလဲဆိုတာကို စူးစမ်းကြည့်ချင်မိတယ် ဆိုတဲ့ ပရိသတ်တွေအတွက်တော့ Who’s the murderer Variety Show ဆိုတဲ့ အစီအစဉ်မှာ ကိုယ်တိုင်ပါဝင်ဉာဏ်စမ်းကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်…
ဒီအစီအစဉ်မှာ ပြိုင်ပွဲဝင်သရုပ်ဆောင်တွေဟာ တရားခံတွေအဖြစ် သံသယဝင်ခံရမှာဖြစ်ပြီး ပရိသတ်တွေက စုံထောက်တွေနဲ့အတူ လူသတ်တရားခံဘယ်သူလဲဆိုတာကို ပါဝင်ဉာဏ်စမ်းဖို့ မကြာမီမှာပြသတော့မယ့် “Who’s the murderer” အစီအစဉ်ကိုစောင့်မျှော်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါရစေ…