နှလုံးသားကစားပွဲ


Series Promo September 28, 2020 1:00 pm

မျှော်လင့်ချက်တွေနဲ့ အသက်ရှင်နေတဲ့ လူငယ်တွေရဲ့ ဘဝဇာတ်လမ်း

ကျောထောက်နောက်ခံ အသိုင်းအဝိုင်းတွေမရှိရင်တောင် ယုံကြည်ချက်နဲ့ ဇွဲ၊ ဝီရိယတွေပေါင်းစပ်ပြီး ကြိုးစားမယ်ဆို မျှော်လင့်ချက်အိပ်မက်တွေက တကယ်ဖြစ်လာမယ်ဆိုတာ ယုံကြည်တဲ့ လူငယ်တိုင်းအတွက် YTV Channel ရဲ့ နှလုံးသားကစားပွဲ ဇာတ်လမ်းတွဲ…

ဇာတ်လမ်းလေးက ဂိမ်းကိုရူးသွပ်ပြီး သူ့ရဲ့အိပ်မက်က တစ်နေ့ကျရင် ချန်ပီယံဆုကိုရအောင်ယူပြီး ပရော်ဖက်ရှင်နယ် Gamer တစ်ယောက်ဖြစ်ချင်သူ လူငယ်လေးတစ်ယောက်အကြောင်း…  Fan girls တွေ အများကြီးရထားတဲ့ ကျီရှောင်ကောနဲ့ချစ်စရာကောင်းတဲ့ ချွေ့ယင်တို့ e-sports ပြိုင်ပွဲတစ်ခုမှာ
မထင်မှတ်ဘဲ တွေ့ဆုံခဲ့ကြပြီး အကူအညီပေးဖို့ကြိုးစားရင်းထိခိုက်နာကျင်စရာတွေ ဖြစ်လာတဲ့အခါမှာတော့ . .

.အထင်အမြင်လွဲမှားမှုတွေကြောင့် သူတို့နှစ်ဦး ရှေ့ဆက်ရမယ့်အနာဂတ်တွေ ဝေးကွာသွားလေမလား
အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိဖို့အတွက် ဘယ်လိုကစားပွဲတွေနဲ့ နှလုံးသားကို အလဲအထပ်လုပ်ရမလဲ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ရအောင်