The Lion Guard


Series Promo July 24, 2020 9:02 am

ကာတွန်း Animation Series တွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးတွေအတွက် အခုတခါမှာတော့ “ The Lion Guard ” ဆိုတဲ့ အမေရိကန် ကာတွန်းဇာတ်ကားကောင်းလေးတစ်ကားကို ပြသပေးတော့မယ်ဆိုရင်ရော ကြည့်ကြမှာလား...

ဒီဇာတ်ကားလေးကတော့ မင်းသားလေး Kion သည်ဘုရင် Simba နှင့် Queen Nala တို့၏သားဖြစ်ပြီး Kiara ၏ညီဖြစ်သူနှင့် Pride Lands ၏မင်းသားလည်း ဖြစ်ပါတယ်..Lion King၏ဒုတိယမြောက်မွေးဖွားလာသည်နှင့်အမျှ သူဟာ စွမ်းအားတစ်ခုကို ရရှိခဲ့ပြီး Lion Guard ၏ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်....Kion လေးအနေနဲ့ တောထဲမှာ သူငယ်ချင်းတွေ့အတူ ‌တောထဲမှာ ပျော်ရွှင်စွာနေထိုင်လာခဲ့ကြပြီး ကျရောက်လာတဲ့ အန္တရာယ်တွေကို သူ့ရဲ့ အပေါင်းအပါ သူငယ်ချင်းလူစွမ်းကောင်းလေးတွေနဲ့ ဘယ်လိုတွေအတူတူတိုက်ပွဲဝင်မလဲ.... ဆိုတာကိုတော့ ချစ်စဖွယ်ကြည့်ရှု ကြရမှာလည်း ဖြစ်ပါတယ်.....

ဒီတော့ ပရိသတ်ကြီးတို့ရေ.... ချစ်စဖွယ် စွန့်စားခန်းတွေကို တဝကြီး ပျော်ပျော်ကြည့်ရှုရမယ့် The Lion Guard ဆိုတဲ့ ကာတွန်းဇာတ်ကားကောင်းလေးကို YTV Channel ကနေ ပြသပေးတော့မှာမို့ ဆက်ဆက် စောင့်မျှော်ကြည့်ရှုပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်နော်

ပြသမည့်အချိန် ။ ။
စနေနေ့ ညနေ (၄) နာရီ (၁၀) မိနစ်
တနင်္ဂနွေနေ့ ညနေ (၄) နာရိ (၁၀) မိနစ်

ပြန်လည်ပြသမည့်အချိန် ။ ။
စနေနေ့ မနက် (၈) နာရီီ (၁၀) မိနစ်
တနင်္ဂနွေနေ့ မနက် (၈) နာရီ (၁၀) မိနစ်