ဘင်ဖီကာမှ ဆုံးဖြတ်လိုက်သည့် ဒါဝင်နူးနက်ရဲ့ လီဗာပူးလ်သို့အပြောင်းအရွှေ့……

ဘင်ဖီကာဘက်မှ ဒါဝင်နူးနက်အား လီဗာပူးလ်သို့ ပြောင်းရွှေ့ကစားစေမည်ဖြစ်ကြောင်း အတိအလင်းကြေညာသွားပြီပဲဖြစ်ပါတယ်.....အဆိုပါကစားသမားလေးဟာ မန်ချက်စတာယူနိုက်တက်နှင့် သတင်းကျယ်ကျယ်လောင်လောင် ထွက်ခဲ့ပြီးကာမှ အပြောင်းအရွှေ့ကြား ပြောင်းရွှေ့ကြေး နှင့် တစ်ချို့သောအချက်များကြောင့် လီဗာပူးလ်ထံကို လက်လွှဲပေးလိုက်ရပြီပဲဖြစ်ပါတယ်....ဘင်ဖီကာဘက်မှ အဆိုပါကစားသမားလေးကို ယူရိုသန်း ၇၅ သန်းအပြင် အပိုထပ်ဆောင်း သန်း ၂၀ ကျော် ပေးချေဖို့ သတ်မှတ်လိုက်ပြီပဲဖြစ်ပါတယ်...

ဘင်ဖီကာအသင်းမှ နူးနက်ကို ၂၀၂၀ ခုနှစ်မှာ ၂၄ သန်းနှင့် စပိန်ကလပ် အယ်မီရီယာ အသင်းမှခေါ်ယူထားတာဖြစ်ပြီး ပြိုင်ပွဲစုံ ၈၅ ပွဲမှာ ၄၅ ဂိုးထိ သွင်းယူပေးထားတဲ့ ကစားသမားကောင်းလေးတစ်ဦးပဲဖြစ်ပါတယ်....လီဗာပူးလ်နှင့် သဘောတူညီချက်များပြီးဆုံးရန် နောက်ဆုံးအခြေအနေသို့ ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်.... ကစားသမားနှင့် အသင်းကြား ပုဂ္ဂိုလ်ရေးအရ သဘောတူညီချက်များရရှိထားပြီဖြစ်ပေမယ့်လည်း နောက်ဆုံး သဘောတူညီချက်များ ပြည့်စုံပါက အပြောင်းအရွှေ့ ကို အတိအလင်းကြေညာပေးသွားမှာပဲဖြစ်ပါတယ်...ကစားသမားဘက်မှလည်း နောက်ဆုံးသဘောတူညီချက်များ ရရှိပြီးပါက နိုင်ငံပွဲစဉ်အား လက်လွှတ်ပြီး လီဗာပူးလ်အသင်းထံ ‌ဆေးစစ်ချက်များ ပြုလုပ်ရန်သွားရောက်မယ်လို့လည်း သတင်းအချို့ရဲ့ ဖော်ပြချက်အရသိရပါတယ်...

အသက် ၂၂ နှစ်တာ ရှိသေးတဲ့ အဆိုပါကစားသမားလေးဟာ လီဗာပူးလ်အသင်းရဲ့ ဂျာဂျင်ကလော့ လက်ထက်မှာ ဘယ်လိုပုံစံမျိုးလေးတွေနဲ့ ပွဲထွက်လာပြီး အကောင်းမွန်ဆုံး တောက်ပပြမလဲ ဆိုတာကိုတော့ ပရီးမီးယားလိဂ် ရာသီသစ်မှာ စောင့်မျှော်ကြည့်ရှုရင်း ပရိသတ်ကြီးအနေနဲ့လဲ ပြောချင်တာလေးတွေရှိရင် ကွန့်မန့်လေးမှာ မန့်သွားပေးပါဦးနော်....